Popular Posts

Thursday, May 3, 2018

nine

အံ့မခန်း ၉ ဂဏန်း။
===========

( တင်ပြခဲ့ဖူးပါတယ်။ မဖတ်ရသေးသူများ အတွက်ပါ )

ကမ္ဘာကြီးမှာ ၉ ဂဏန်းဟာ အရှင်သခင်များ ဖြစ်နေသလား။

* လူတစ်ယောက်ရဲ့ နှလုံးသွေးဟာ တစ်မိနစ်မှာ ၇၂ ကြိမ် ခုန် ပါတယ်။ ၇၂ ဆိုတာ ၉ ပါပဲ့။
လက်ဝဲသွေးလွှတ်ခန်းကနေ တစ်မိနစ်ကို သွေး ၁၄၄ အောင်စ ကို သွေးကြောမ ကြီးထဲ ပို့လွှတ်နေပါတယ်။ ၁၄၄ ကလည်း ၉ ပါပဲ့။

* လူ့ဘဝအစ ၉ လ လွယ် ၁၀ လဖွား တဲ့။ တနည်းအားဖြင့် ရက်ပေါင်း ၂၇၀ သန္ဓေလွယ်တယ်။
လူတစ်ဦး ပျမ်းမျှ အသက်ရှုနှုန်းက တစ်မိနစ်ကို ၁၈ ကြိမ်။
တစ်နာရီကို ၁၀၈၀ ကြိမ်။ တစ်ရက်ဆို ၂၁၉၂၀ ကြိမ်။
အကုန် ၉ ချည်းပဲ့။
ပရိယာယ်များတဲ့ ၉ က မျက်နှာဖုံးစွပ် အသွင်ပြောင်းသွားရုံ သာ ရှိပေမယ့် ၉ စက်ကွင်းက မလွတ်။

* နှလုံးသွေး Pulse က တစ်မိနစ်ကို ၇၂ ကြိမ်။
တစ်နာရီကို ၄၃၂၀ ကြိမ်။ တစ်ရက်ကို ၁၀၃၆၈၀ ကြိမ် ထုတ်လွှတ်ပေးသတဲ့။ အကုန် ကြိုက်သလိုပေါင်း။ ၉ ပါပဲ့။

* အချိန်ကာလ ကို ကြည့်အုံး။
တစ်နေ့မှာ မိနစ်ပေါင်း ၇၂၀ ရှိတယ်။ စက္ကန့်ပေါင်းက ၄၃၂၀၀၀ ရှိတယ်။ ၉ လက်က မလွတ်ပါဘူး။

* ဂြိုဟ်နက္ခတ်တွေ ကြည့်အုံး။
ဂြိုဟ်ကြီး ၉ လုံး နဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ စကြာဝဋ္ဌာ။ ဒီ ဂြိုဟ်တွေဟာ စကြာဝဋ္ဌာမာ တစ်ပတ် ပတ်မိဖို့ ၂၅၉၂၀ နှစ် ကြာတယ်။ ပေါင်းကြည့်တော့ ၉ ။
ဒီလို တစ်ပတ် ပတ်မိချိန်ကို စကြာဝဋ္ဌာ နက္ခတ်သွား နှစ်ကြီး တစ်နှစ်လို့ ခေါ်တယ်။
ဒါကြောင့် တစ်အံသာ ( ၇၂ နှစ် ) ဒီလို တစ်ခုချင်းတိုးသွားလည်း အနှစ်ချုပ်က ၉ ပါပဲ့။

* မြန်မာတွေ လက်စွဲပြု ဂြိုဟ် ၉ လုံးရဲ ဂြိုဟ်သက်ပေါင်းက ၁၀၈ နှစ်။ ၉  ပေါ့။ နက္ခတ်က ၂၇ လုံး။ အတွင်းတာရာ က ၁၈လုံး။ အပြင်တာရာ က ၉ လုံး။
၉ က အားလုံးရဲ့ အချုပ်ပဲ့။

* မြန်မာအက္ခရာ ဗျည်း ၃၃ လုံးမှာ ( အ သ ဟ ယ ) စတဲ့ အသံ ၁ သံတည်းထွက်တဲ့ အက္ဓရာ ၉ လုံးရှိတယ်။ ဒါတွေကတော့
( င ည မ ယ လ ဝ သ ဟ အ ) ပါပဲ့။

* ရှေးခေတ်က မင်းညီမင်းသားတွေဟာ အဋ္ဌရသ ၁၈ ရပ်ကို သင်ယူကြရပါတယ်။ ၉ က အရေးပါလှပါတယ်။

* ဗုဒ္ဓဝင်မှာ ဘုရားဂုဏ်တော် ၉ ပါး။ အံ့ဖွယ်အထူးကျေးဇူး ၁၈ ပါး။ ဘုရားဝါတော်က ၄၅ ဝါ။  စက်လက္ခဏာ ၁၀၈ ပါး။

* ရှေးခေတ် ကမ္ဘာ့မြေပုံမှာ ၉ တိုင်း ၉ ဌာန လို့ ပြဆိုထားပါတယ်။
( ထို ၉ တိုင်းကို သီးခြားဖေါ်ပြရန်ရှိ )

( ဘုရား ၉ ဆူ။ ဂူလည်း ၉ ရပ်။ ရံကား ၉ တန်။ စည် ၉ ဆိုင် က ။ ၉ ဌာန ကို ဒုက္ခကင်းစင် ချမ်းသာမြင်၍ အောင်မင်္ဂလာ ဖြစ်စေငှါ ) လို့ ဘုရား ၉ ဆူ တည်ခြင်းနှင့် ပတ်သက်၍ ရှေးဟောင်း ဒီပဲရင်းဟသမိုင်းကျမ်းမှာ ဖွင့်ဆိုထားပါတယ်။

ကျန်ပါသေးတယ်။ အများကြီးကို ကျန်ပါသေးတယ်။
၉ ရဲ့ အသွင်ပြောင်းပရိယာယ်တွေ။

မြန်မာတွေက ကိုးနဝင်း  ကိုးနဝင်းနဲ့ လုပ်နေကြပါတယ်။ ၉ ဂဏန်းက အကြီးဆုံးလေ လို့ သာမန်လောက်သိသူများတယ်။
၉ ဟာ ကမ္ဘာကိုတောင် အုပ်မိုးထားတာကို နည်းနည်းလေး သိစေချင်လို့ အခုလို-----------       ------------။

                                                               {{  မြစကြာ   }}

No comments:

Post a Comment