Popular Posts

Sunday, November 27, 2016

ဝလုံး

o အက္ခရာ အဖွင့် ဋီကာ
*****************
ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။
တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သင်္ကေတဖြစ်သည်။  အနိုင်ကျင့်ဖူးပါက ပြန်လည် အနိုင်ခံရ မည်မှာဓမ္မတာ။
သူတပါးအား စိတ်ညိုးနွမ်းစေက အလားတူ ပြန်ခံရမည်မှာ အသေအချာဖြစ်သည်။

ဝဋ် သည် ဝ ဖြင့်ရေးရသည်။ ပြု ခဲ့ ဖူးသော ကံဆိုးကို ပြန်ခံရလျှင် ဝဋ် မကင်းဟု ဆိုကြသည်။ ကိလေသဝဋ် ကံမ္မဝဋ် ဝိပါက ဝဋ် ဟု ဝဋ်သုံးပါးရှိလေသည်။  ဝဋ် မကြောက်သူများ သံသရာတွင် လည်စင်းခံရမည် ဘေးကား ကြောက်စရာ။

ထဆင်ထူးသည် ဝ နှစ်လုံးကို ပူးထား၍ ထ ဆင်ထူး ဖြစ်လာသည်။ ထူး လည်းထူးပါသည်။ ဗျည်း ၃၃လုံး ၏ အလယ်တွင် တည်ရှိသည်။
ရှေ့က ရေတွက်သော် ၁၆ လုံးမြောက် နောက်က ရေတွက်သော် ၁၆လုံးမြောက်သည်
ထ ဆင်ထူးဖြစ်၏။

ထောင်၍ ကြည့်က ဝိ ဖြစ်ပြန်သည်။ ဝနှစ်လုံးပူး လည်း လှဲ နေက ထ။ ထ နေက ဝိ ဖြစ်တော့သည်။ ဝ မရှိပဲ ဝိ မလုပ်နှင့် ဟု ဆိုကြပါသည်။

ကောင်းကင်က လ ကိုကြည့်လျှက် ဝ အက္ခရာအကြောင်းစဉ်းစားမိသည်။ ဝ အကြောင်းကုန်စင်အောင် သိနိုင်ရန် လုံးဝမဖြစ်နိုင်ပါချေ။ စာတလုံး ဘုရားတဆူ ဟု ဆိုထားသော စကား အထင်အရှား ရှိလေသည်။ သို့ဆိုလျှင်
 ဘုရားဖြစ်မှသာ ဝ အက္ခရာ အကြောင်း ကုန်စင်အောင် သိနိုင်မည် ဖြစ်သည်ဟု ဆိုခြင်းပေလော။
သို့တည်းမဟုတ် စာတလုံး ဘုရားတဆူ ဟူသော အနက် သည် တခြာ အနက်အဓိပ္ပါယ် မည်သို့ ဖွင့်လျှင် သင့်တော်ပါမည်နည်း။ ပညာရှင်တို့ ဆွေးနွေးကြပါကုန်။

ကောင်းကင်သို့ မော်ကြည့်လျှင်
လ ၏ ဝိုင်းစက် လှပမူကို မြင်နိုင်သည်။ ဝိုင်းသည်ကား ပြည့်ဝသည့်သဘောပင်တည်း။
ပညာပြည့်ဝလျှင် နှလုံးပါလှတတ်လေသည်။
မြင်ရသော လ သည် ဝ အက္ခရာ ဖြစ်နေလေသည်။

 တန်ဆောင်မုန်းလပြည့်နေ့တွင် လ သည် ဝိုင်းစက်ညီညာသည်။ အဝန်း အဝိုင်းဟူသည် ကြီးမားကျယ်ပြန့်သော သဘော ဖြစ်သည်။

 သူ့သည် အသိုင်းအဝိုင်း အလွန်ကြီးမားသူဖြစ်သည် ဟု လောကတွင် သုံးစွဲကြလေသည်။
အသိုင်းအဝိုင်းဟူသည်ကား အဝန်း အဝိုင်းဖြစ်ပါသည်။

ဝ ၏ တခြားသောဂုဏ်တခုကား လည်ပတ်ခြင်းဖြစ်၏။ အလျှင်အမြန်ရွေ့ရှားစေတတ်သော မော်တော် ကားသည် ဝ အက္ခရာသဏ္ဍန်ရှိသည့် ဘီးတတ်ယာဉ်ဖြစ်သည်။


ဝ အက္ခ ရာသည် ဆန်းကျယ်လှပါသည်။ ပြည့်ဝခြင်း။ အစာဝခြင်း။လည်ပတ်ခြင်း။ ရွေ့ရှားစေခြင်း အဓိပ္ပါယ်မျှ မကသေး။ သံသရာ ၏ သဘောဖြစ်သော အဖန်ဖန် မွေးခြင်း အဖန်ဖန်သေခြင်းသဘောတရား သည်လည်း ဆင်ခြင်ကြည့်ပါက မြင်နိုင်လေသည်။
 သံသရာဟူသည်ကား The circle of death and reborn ပင် ဖြစ်သည်မဟုတ်ပါလား။ မွေးဖွားခြင်းနှင့်သေခြင်းတို့ အကြား တစပ်တည်းဖြစ်နေသည် အနန္တရ ပစ္စည်းပင်။

o လုံး ဟု အမည်ခေါ်ငြား သုည နာမည်ဖြင့်လည်း လူသိများသည်။ သုံညသည် သူချည်း တန်ဖိုးမရှိပါငြား သူနှင့် တွဲသောကိန်းကို တန်ဖိုးမြှင့် ပေးနိုင်သည်။

ယခုလသည် ကထိန်ခင်းသောလ ဖြစ်သည်။ ကထိန်သင်္ကန်း တွင် နောက်ဆုံးလုပ်ရသည့် အချက်မှာ ဝ အက္ခရာ ရေးထိုးခြင်းဖြစ်သည်။ ဗိန္ဒူ  ရေးထိုးသည်ဟု ဆိုကြသည်။ဗိန္ဒု ကို ကမ္ဘာ အက္ခရာဟုလည်း ဆိုကြသည်။

စကြာင်္ဝဠာ  ထဲ တွင် အကောင်းဆုံးတရားသည်ရှိ၏။ ထိုထက် ကောင်းသော သာလွန်သော တရား ကို ဖော်ထုတ်နိုင်ခြင်း မရှိ သေးလျှင် ထိုတရားသည် အကောင်းဆုံးသော တရားပင်ဖြစ်သတည်း။

ထိုထက်သာလွန်သောတရား ရှိငြား သိရန်ပင် မလွယ်ကူပါချေ။ အကြောင်းမှာ ဘုရား ရှင်အဆူဆူ ဖော်ထုတ်ခဲ့သည့် သုညတ ၏သဘော အမှတ် လက္ခဏာ  ဝတည်းဟူသော  ဝလုံးလေးတလုံး၏ အဓိပ္ပါယ်ကို ပင် အလုံးစုံ မသိနိင်ပါချေ။
ဝ ကို မသိက ဝိ လုပ်ရန် ခက်ခဲပေစွ။

စာတလုံး ဘုရားတဆူ ဟု ဆိုမိန့် ခဲ့ကြသည် မဟုတ်ပါလား။ အက္ခရာ တလုံးကို အလုံးစုံ သိရန် အလွန်ခက်ခဲသည် ဆိုလျှင် ဘုရားရှင်တို့ဟောကြားခဲ့သည် ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ကိုသိရန် လွယ်ကူမည်မဟုတ်ပါချေ။

သုည

No comments:

Post a Comment