Popular Posts

Saturday, November 12, 2016

ဝမ်း

ဝမ်းတလုံးကောင်း
************
ဝမ်းချုပ်လျှင် ဘယ်လို လုပ်သင့်ပါသနည်း။
ဝမ်းချုပ်သည် အကြောင်းကို  တနေရာတွင်မေးမြန်းထားသည်ကို  တွေ့လိုက်ရသည်။ ကွန့်မန့် လေး တို့ကာထိကာရေးရင်း ပိုစ်အဖြစ်တင်မှသင့်တော့မည်ဟု အလိုလို အကြံဖြစ်မိတော့၏။

ဝမ်းတလုံးကောင်းခေါင်းမခဲ ဟု  ပြောလေ့ရှိကြသည်ကို ကြိမ်ဖန်များစွာ ကြားဖူပါလိမ့်မည်။ ထိုစကားကို အလေးအနက် သိသူကား ရှားမည်ထင်ပါ၏။
အထင်သေး ၍ ကား ဆိုသည်မဟုတ်ပါချေ။

၁။ပွေးကိုင်းရွက် သုံးရွက်ခန့်တို့စားပါ။
၂။သင်္ဘော ရွက်ကို ရေနွေးဖျော ပြီးစားပါ။

၃။ရှမ်းကနဖော့ ကို ငါးညွန့်ခန့် စားပါ။
၎။ မန်ကျည်းသီမှဲ့ ကွမ်းသီခန့်ကို ဆား ပျက်သိကာထည့်စားပါ။
၅။ ကန်စွန်းရွက် အရိုးနီကို မန်ကျည့်မှည့်နှင့် ပြုတ်တို့ပါ။
၆။ ခွေးတောက်ရွက်စားပါ။
၇။ မိုးလင်းလင်းချင်း ရေဝဝ သောက်ပါ။

ဝမ်းသွားစေသည့်
နည်းပေါင်းမြောက်များစွာ ရှိ၏။ မြင်မြင်သမျှ သည် ဆေးဝါးများပင်ဖြစ်သည်။ ဥာဏ်မျက်စေ့ ဖြင့်သာမြင်နိုင်သည်။ မည်သူသည် မည်သည့်နည်းဖြင့် အသင့်လျော်ဆုံး ဆိုသည်ကား ကိုယ်ဖာသာ ဆင်ခြင်သင့်လှပေသည်။

ဗမာတို့ ၏ ခန့်  မျှ လောက် သုံးစွဲမူကို အင်္ဂလိပ် ဆေးပညာရှင်များက တိကျ ခြင်းမရှိ ဟု ပြက်ရယ်ပြု ကြသည်။ အမှန်က မည်သူ မည်မျှ လောက်စားဟု အတိအကျမရှိသည်ကား ပို၍ ပင် သဘာဝ ကျသည်သာဖြစ်သည်။

အင်္ဂလိပ်ဆေးပညာက မီလီဂရမ် ဖြင့် တိတိကျကျ ညွန်ကြားသည်ဟု ကြံဖန်ဂုဏ်ယူကြသည်။ ဗမာကား ခန့် မျှ လောက် အသုံးအစွဲကိုသာ ယခုထက်ထိသုံးစွဲ နေသည်။ မတိကျဟုလည်း အပြစ်တင်ကြတာကြားဖူးပါသည်။

တချို့  အတွက် ညွှန်ကြားသည်ထက် ပိုစားမှ အဆင်ပြေ၏။ ဝမ်းအလွန် ချုပ်သူ အတွက် ပွေကိုင်းရွက် သုံးရွက်ခန့် ဖြင့် အဆင် မပြေနိုင်။  ငါးရွက် ခြောက်ရွက် ခန့်မှ သင့်လျော်မည်ဖြစ်သည်။

 ကိုယ့်ဖာသာ ချိန်ဆသည့် အတတ်ကား လိုအပ်လှ၏။
တချို့ ကား ချုပ်ခြင်းမဟုတ် ဝမ်းကျန်ခြင်း ဝမ်းသွာ အားမရရုံ ။ တချို့ကား ဝမ်းကျစ်ခြင်း။ တဦးနှင့် တဦး ပေးသည့် ပမာဏကား တူညီမည် မဟုတ်ပါချေ။

ပြောရလျှင်ကား အလွန်ရှည်လျားပါလိမ့်မည်။မည်သို့ဆိုစေ ဝမ်းတလုံးကောင်းလျှင် ခေါင်းမခဲပါချေ။

ဝမ်းချုပ်သည့်အတွက် တချို့ MOM တချို့  ပန်းရောင်ဝမ်းပျောဆေးသုံး၍ ဝမ်းသက်စေသည်။ အမှန်က ထမင်းစားပြီး သင်္ဘောသီး မှည့် နှစ်စိတ်ခန့် က ပိုသင့်သည် ဟု ထင်သည်။  တချို့ သောသူ အတွက် ထမင်းကို စောစော စား ၍ ညနေဖက် မိနစ်၂၀ ခန့် လမ်းလျောက်ရုံဖြင့် ဝမ်းသွားတတ်သည်။

အမှန်က သဘာဝ အတိုင်း ဝမ်းကို ပေါပေါများများသက်စေတာ အကောင်းဆုံးဖြစ်သည်။သဘာဝအတိုင်း သက်တတ်စေသည့် အစာ လေ့ကျင်ခန်း ရေ  အသီး အနှံ နှင့် အမူ အကျင့်များကို ပြုပြင်စားသောက်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

 သဘာဝအတိုင်းဝမ်းသက်လေသမျှ  သွေး ချို ဆီးချို နှလုံး အညောင်းအညာ အကြောတက် သွေးကြောပိတ် ကင်ဆာ အမျိုးမျို ပျောက်ပါသည်။

ဝမ်းသည် ကျင့်ယူ၍ရပါသည်။ ဝမ်ချုပ်ပါက မျက်ခိုးဝေခြင်း မျက်စိမှုန် အကြောတက် ခါးနာ ကိုယ်လက်လေးလံ သွေမှင် လေမှင်  ပါးစပ်နံ ချွေးနံ ကိုယ်လက် မလှုပ်ရှားချင် စသော ၉၆ ပါး ရော ဂါ အကုန် ကပ်ရောက်တော့သည်။သဘာဝအတိုင်းဝမ်းသက်စေခြင်းသည် တဦးနှင့် တဦး တထပ်တည်း မတူညီနိုင်ပါချေ။

သဘာဝ ဆေးအစာဖြင့်
ဝမ်သက်စေရန် ကြိုးစားသူအတွက်

ကျမ်း၏ အလိုအရ

''ကန့်ကလာ မျှ ကန်စွန်းမျှ ဖြင့် ထိုမျှ ဆေးလော မဆိုပြောနှင့် ကင်ဆာကစ ဝေါဟာရ တို့ ဘာမျှ မခံနိုင်ပြီတည်း'' ဟု ဖတ်မှတ်ဖူးပါသည်။လက်တွေ့တွင်လည်း ထိုမျှဆေးလော မဆိုပြောနှင့် အံသြလောက်အောင် ပျောက်သတည်းဟု ဆိုချင်ပါသည်။
စာရေးသူသည် ကင်ဆာလိုလို HIV လိုလို လည်ပင်ကြီးလိုလို အစာအိမ်လိုလို ဟိုင်ပါ သွိုင်းရှိုက် လိုလို ဝမ်းလျော ဝမ်းပျက် လိုလို ဆီးချို လိုလို ဖြင့် ခုနှစ်နှစ်ခန့် သူတပါးပါးစပ်တွင် လမ်းဆုံးဖူးပါသည်။မလိမ်မညာပါ။ လိုလိုနှင့်သာ ကျင်လည်ဖူးသည်။ ဆေးကုသရာ နားထောင်ကာ ရောဂါ ပျောက်နိုးနိုး နှင့် ရှင်သန်ဖူးသည်။ ရေးစရာကား များပြားလွန်းလှပါသည်။ အချိန်ရက အကျယ်ရေးပါမည်။ သဘာဝအတိုင်း ဝမ်း ဆီး သက်စေရန် နေ့စဉ် ကြိုးစားပါ မိတ်ဆွေတို့။

မှန်ရာကိုဆိုပါမည်။ ယခုရေးသားနေသည်က ကွန့်မန့် များကို ပေါင်းစုရုံ မျှသာ။ယခုတော့ မထူးပြီ။
သီးသန့် ပိုစ်တစ်ခု အဖြစ် တင်ရပေတော့မည်။

 ဝမ်းတလုံးကောင်း ခေါင်းမခဲ ကို ကျိုးကြောင်းပြရေးသား တင်ပြ ရုံမျှသာ ရေးရန် အကြံဖြစ်မိပါသော်လည်း ရေးရင်း ရေးရင်း ရေးစရာကား အလွန်များပြားလာသည်။ ထိုကြောင့် တိုတို တုတ်တုတ်  ရေးသားရုံ  မပြည့်စုံတော့ချေ။

 စေတနာဇော လွန်ကဲတာဟု ကိုယ်ကိုကိုယ် သတိပေးမိသည်။
တဖက်က လည်း
 ကိုယ်သိ ကိုယ်တတ် ကိုယ်တတ်ပ ဟုလည်း အပြောအဆို ခံရမှာ စိုးရိမ်ပြန်သည်။ အကောင်းစိတ်နှင့် အဆိုးစိတ်ကား လွန်ဆွဲ လျှက် ရှိချေပြီ။

နောက်ဆုံးတွင် စာပေအပေါ် တွင်ထားရှိသော မိမိ၏သစ္စာ တရားက အပျက်စိတ် ကိုချေဖျက် အနိုင်ယူတော့သည်။

 မှတ်မိသေးတော့၏။ ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္တု များ၏ အစတွင်

ငါ့စာ ဖတ်၍ မမြတ်တိုင်စေ မရှုံးစေသား
ပျင်းပြေနှစ်ခြိုက် တပိုဒ်တလေ ပါငြားပေမူ စာပေ့တာဝန် ငါ့တွင်ပွန်ပြီ။
ငါသိ ငါတတ် ငါသာမြတ်ဟု စာဖတ်သူပေါ် ခေါင်းကို ကျော်၍ ငါသော် ဆရာ မလုပ်ပါတည်း။

သည်အတိုင်း အတိအကျ မဟုတ်သော်လည်း အမြဲ သည်လိုရေးတတ်သော ဆရာ့၏ စာပေ့သစ္စာကို  ဦးညွတ်လျက် ***

ကိုအောင်လင်းဝေနိုင်း
July 18, 2016
9:00 PM


No comments:

Post a Comment