Popular Posts

Tuesday, March 19, 2019

အပြောင်းအလဲ

ပြည်သူ ကိုယ်တိုင်ပြောင်းမှ ရွေ့
**************
ဘယ်သူ သမ္မတ ဖြစ်မည်ကို  စောင့်ကြည့် နေမိသည် ကိုလည်း ဝန်ခံပါ၏။

 မည်သူတက်သည် ဖြစ်စေ
ထူးထူးခြားခြား ပြောင်းလည်းမည် မထင်။ ပြည်သူအတွက် ထင်ရှားသော ပြောင်းလည်း မူ မရှိဟု ယုံကြည်နေဆဲ ။

 ပြည်သူ့အတွက် အရွေ့ကိုမူ ပြည်သူကိုယ်တိုင်ပြောင်းရပေမည်။ နိုင်ငံတော်က ထောက်ပံ့ ကူညီလျှင် အရွေ့လျှင်မြန်လာနိုင်သည်။ ပြည်သူ့ကို ဗဟိုပြု ၍ ဥပဒေပြု အာဏာ ပေါ်ပေါက်ခဲ့သော် ဤ ခရီး မဝေးတော့။
အုပ်ချုပ်မူအာဏာ၏ အကူအညီရလျှင်ကား အတိုင်းထက်အလွန် တံခွန်နှင့် ကုက္ကား ပနံရပေစွ။ တင့်တယ်လွန်းပေစွ။
စစ်ဆေးရေး အာဏာကိုမှု လေသံပင်မဟကြ။
ရှိမှန်းလည်း သိသူနည်းလှသည်။

မည်သို့ ဆိုစေ တဖက်က တလှမ်းချင်းတက် ၍ နေရာယူသည်ကို မြင်ရသည်။ တဖက်ကလည်း ပိတ်ကာ ကစားသည်။ ညစ်လုံးလေးများစွာက တွေ့နေရဆဲ။ သဘောထားမကြီးနိုင်ကြသေး။ သည်လိုနှင့် အချိန်မည်မျှကြာမည် မသိနိုင်။

 မည်သူတက်စေ
နိုင်ငံတော်တည်ဆောက်ရေး အထိ ခြေလှမ်းကို  မလှမ်းနိုင်သေးချေ ။ အာဏာ တည်ဆောက်ရေးမျှသာ အကျပ်အတည်းကြားက လုပ်နေရရှာ သည်။
 မလုပ်၍လည်း မဖြစ်ချေ။ ပြီးမှသာ နိုင်ငံတော်တည်ဆောက်ရေးကို အနှောက်အယှက်ကင်းကင်းလုပ်နိုင်မည်ဖြစ်သည်။

ဘယ်အကွက်ရွှေ့ မည် ဘယ်လို ကစားမည် ဆိုသည့် ပလေယာ များ၏ ရွေ့ ကွက်ကို ကြည့်ချင်ရုံ ခန့်မှန်ရုံ သက်သက်သာ  စိတ်ဝင်စားပြီး ရလာဒ် ကို စောင့်ကြည့်ခြင်းသာ။

ဆန့်ကျင်ဖက်တို့ အပြန်အလှန် ဆန့်ကျင်ရင်း   ပါရမီဖြည့်နေသည်က လောကသဘာဝ ဖြစ်သည်။ ထူးခြားဖြစ်စဉ်တော့ မဟုတ်ချေ။

မသိသူက ကြိုးဆွဲရုပ်နှယ်။ သိသူက လက်ဦးမှုယူ၍  ကစားကွက်ကို ဦးဆောင် နေဆဲ။ သည်လိုနှင့် ကုန်ဆုံးခဲ့သည် အချိန်က နှစ်ပေါင်များစွာ။ အချည်းနှီးသာ။

မျှော်လင့်စရာရှိသည်က တလှမ်းချင်းဝင်ရောက်နေရာယူ သူ၏ ပညာ နှင့် နိုင်ငံတစ်ကာ အသိအမှတ်ပြုမူ။ ထိုအပြင် သူ၏ ဦးဆောင်နိုင်စွမ်းနှင့် ဖြူ စင်သော ဝန်းကျင်က အားရစရာ။

သူ၏
အမှတ်မထင် သော ရွှေ့ကွက်များက ဆန့်ကျင်ဖက်ကို ယိုင်နဲ့စေသည်။ တဖက်၏ ကံဇာတာမှေးမှိန်ချိန် နှင့်လည်း တိုက်ဆိုင်နေသည်က ငြင်းမရသော ပကတိ ဖြစ်ရပ် ဖြစ်ပေ၏။

 ထို့ကြောင့်
အမှတ်မထင် နိုင်ငံတော်၏ အရွေ့ မြန်လာနိုင်သည်ဟု အကောင်းဖက်က တွေးမိပါသည်။ ပိတ် ကစားသူဖက်က သဘောထားပြောင်းလာရန်ကား မမျှော်လင့်ရဲ။ အာဏာရှင်သည် အရှင်ထွက်လေ့မရှိ ဟု ယုံကြည်မိနေဆဲ။

 သူလည်း ရနိုင်သလောက် ရှင်သန်ခွင့်ကို လိုချင်ပေလိမ့်မည်။ ရသလောက် အချိန်ဆွဲရမည်က သူ့အလုပ်။ ပြည်သူက အချိန်တိုင်း ခေတ်တိုင်း ငဘ။

ကိုဧည့်သည် 
March 15, 2016
11:07AM

No comments:

Post a Comment