Popular Posts

Wednesday, October 11, 2017

မတူ

တန်းမတူ
*****
ညို သွေးသည် အလွန်လိမ္မာပါသည်။ အိမ်ကိုရောက်လာသည်က လဲ အဆန်း။
ညိုသွေးရောက်လာပုံကို ပြောပြပါဦးမည်။
ညိုသွေးသည် တကောင်ကြွက် ဖြစ်သည်။
 ညိုသွေးနှင့် လွမ်းမောင် ဆွေမျိုး တော်စပ်ခြင်းမရှိပါ။
ညို သွေး အမေတာဝါသည် အိမ်အောက်ထပ်တွင် ခွင့်မတောင်ပါပဲ  နေထိုင်နေခဲ့သည်မှာ တလခန့်ရှိ ပါမှ လွမ်းမောင်သိရ လေသည်။  လွမ်းမောင်ကို အသိမပေး၍  လွမ်းမောင် မသိ ခဲ့ ပါ။ ညိုသွေးကို မွေးမှ လွမ်းမောင် သိပါသည်။ လွမ်းမောင်သိတော့ ညို သွေးကို  လွယ်ထားသော ကိုယ်ဝန် က အရင့်အမာ ဖြစ်နေပေသည် ။  ညိုသွေး ၏ အဖေကိုမူ ယခုထိ လွမ်းမောင်မသိပါ။ ပြောရရင် ညိုသွေးအမေတာဝါအား ပစ်ထားပုံ ရပါသည်။

ညိုသွေးတွင် မွေးချင်း ခုနှစ်ဖော်ရှိလေသည်။
တိတိကျ ကျ ဆိုရသော် မွေးချင်းခုနှစ်ဖော် ရှိသော တကောင်ကြွက်သာလျှင်တည်း။လွမ်းမောင်နှင့်ဘဝတူ။ ကျန်သောမွေးချင်းများ မှာ ညို သွေးနှင့် အတူ နေခွင့်မရပါချေ။ ညို သွေးအမေက ဆင်းရဲသဖြင့် ဟိုရောက် သည်ရောက်ဖြစ်ကုန်သည် ။ညို သွေး၏ အမေ
တာဝါကြီးသည် အလုပ်မရှိပါ၍ ရွာရိုးကိုးချောင်း လျှောက်သွားတတ်ပါသည်။

တစ်နေ့ လဝကရုံးရှေ့တွင်ကားတိုက်၍သေဆုံးခဲ့လေသည် ။ညိုသွေးနှင့်သူ၏မွေးချင်းခုနှစ်ဖော်အားလောကကြီးထဲတွင် မျက်စိသူငယ် နားသူငယ်ဖြင့် ထားခဲ့လေသည်။
တာဝါ၏အလောင်းကို လွမ်းမောင်ကိုယ်တိုင် သွားသယ်၍ အ. ထ
.က ( ၁)ကျောင်းရှေ့ မြေကွက်လပ်ရှေ့ တွင်မြုပ်နှံထားခဲ့၏။
ထိုအဖြစ်အပျက်အား ညိုသွေးနှင့်သူ၏မွေးချင်းခုနှစ်ဖော်မသိခဲ့
ပေ!🕛 ထမင်းစားချိန်ရောက်မှ ညိုသွေးတို တစ်စု လှုပ်လှုပ်ရွရွ  ဖြစ်ကြတော့သည်။  ဟိုကြည့်သည်ကြည့်အမေက မရှိ၍ သနားစရာ။ လွမ်းမောင်လဲ ငိုချင်လာသည်။
ညိုသွေးတို့ မောင်နှမတစ်စုမှာလဲ ငိုချင်လာဟန်ရှိပါသည်။

လွမ်းမောင် ကြံဆရပါတော့သည်။
  ညိုသွေးတို့ ဆီကို လွမ်းမောင်
နို့ ဆန်ပြုတ်ပန်ကန်ကြီးနှင့်ရောက်လာလေ
မှ ပျော်ရွှင်ကာ လွမ်းမောင်ထံပြေးလာကြသည်။ဆန်ပြုတ်ပန်ကန်အား မွေးချင်း၇နှစ်ဖော် ဝိုင်းတွယ်ကြသည်။ ညိုသွေး၏နောင်တော်ဖြစ်သူ
ညိုတုတ်မှာ ခန္ဓာကိုယ်
အားကိုးဖြင့်နေရာအကျယ်ကြီးယူကာ အစာစား လေသည်။ ( တော်တော်အပါးဝတဲ့အကောင်ဖြစ်ပါသည်) ညိုသွေးလည်းခပ်ကျပ်ကျပ်နေရာ ချောင်ကျကျ လေးနားတိုး၍စားရလေသည်။

ညိုသွေးသည် ငယ်ငယ်တုန်းက အေးဆေးနေတတ်သူဖြစ်သည်။  စကားလည်းသိပ်မဟြေပါ။  သူ၏နောင်တော်ညိုတုတ်မှာ  နေရာအကျယ်ကြီးယူတတ်သော် ငြား  ရန်မပြု တတ်ပါ။ အလွန်ပင်အေးဆေးနေတတ် သော ညိုသွေးဖြစ်သည်။ မိခင်ကြီးမရှိတော့
ညိုသွေး၏မွေးချင်း အချို့ လည်း အဟာရပြတ်၍  သေဆုံးကုန်ပြီ။ နို့မျက်သည်ဟု ဆိုရမည် ဖြစ်ပါသည်။
ညိုသွေးသည် နောက်ဆုံးကျန်ခဲ့သည့်မျိုးဆက်။

လွမ်းမောင်တို့အိမ်သည်  ဒီမိုကရေစီ အပြည့်ရှိသည်။ ကိုယ်လုပ်ချင်ရာ လုပ် ကြပါသည်။  အားလုံးသည် အေးအေးဆေးဆေး။ လွမ်းမောင်က ညို သွေးကို ပင် အိမ်ပေါ်သို့ခေါ်တင်လိုက်သည်။ သည်အထိ အိုကေ။ကန့်ကွက်မည့်သူမရှိပါ။
မအိုကေသည်က ညိုသွေး။

ရောက်ခါစ ညိုသွေးသည် စကားမတတ်သေးပါ။ စကားမတတ်ခင် ထိ ညိုသွေးနှင့်ဆက်ဆံရေးက  အလွန်အဆင်ပြေပါသည်။

ကြာလာတော့
လွမ်းမောင်ကို ညိုသွေးက မေးခွန်းများ မေးတော့၏။မေခွန်းတွေကို  လွမ်းမောင်ဖြေရင် ချွေး ပြန်လာသည်။
ညို သွေး၏ မေးခွန်းများကိုလည်း ရူကြည့်ပါဦး အဆွေ။

"မတူလို ကွဲပြားနေတာလား
မတူလို့ ခွဲ ခြားထားတာလား
တူရဲ့သားနဲ့ ခွဲခြားထားတာလား။
သခင်တို့က တန်းတူညီတူကို မရှိဘူး။"

ညိုသွေးကို ဘယ်သူက ဘယ်နေရာက  အတို့အထောင် လုပ်လိုက်သည်မသိ ညိုသွေးစကားတတ်လာသည်။  ခြေရင်းအိမ်တွင် ညို သွေး နှင့် ကစားဖော် ကစားဖက်
 က+ အု
 လ+ အား
 န+ အက်   နေထိုင်လေသည်။

တကိုယ်လုံးမဲနက် ညိုမှောင်နေ၍ သည်အမည်ရ ထားသည်လား မဆိုနိုင်။ ညို သွေးနှင့် အခင်ဆုံး စီနီယာ အစ်ကိုဖြစ်သည်။ ညို သွေးအပေါ်တော်တော် ချစ်ရှာ၍ အနွံအတာ လည်း ခံပေသည်။ စီနေယာ အစ်ကိုကပဲ ညိုသွေးကို အတို့အထောင် လုပ်လိုက်လေသည်လားမသိပါ။

 ညအခါများတွင် ညို သွေးကို အိမ်အပြင်တွင် နေရ သည် ကို ညို သွေး စဉ်စားမိ၍ မကျေနပ် ဟန်ရှိသည်။
သူနှင့် လက်ဆုံ ထမင်း အတူ မစားသည်ကို လည်း ခနဲ့တဲ့တဲ့ ရွဲ့ ချင်ပုံ ရသည်။
ဘုရားကျောင်းဆောင်ရှေ့တွင် ခင်းထားသော ဖျာပေါ်တွင် လည်း ထိုင်ခွင့် မရသည်ကိုလည်း စိတ်ဆိုးနေ ဟန်ရှိလေသည်။

"မတူလို့မတူတာ ပါ ညိုသွေးရယ်။
မတူတာကို တူတယ်လို့ အတင်း လုပ်လာကြပြီး
တူတယ်လုပ်မိရင်  တဆင့်တက်ပြီး တောင်းပြန်တော့ ငါ ဘယ်လို လုပ်ရပါ့လဲညိုသွေးရဲ့။

"အမယ်သခင်က စကားကြီး စကားကျယ်တွေ ပြောနေပါလား။
အဲ ဒါ က မရောက်သေးတဲ့ အနာဂါတ်ကို သခင်က တွေးပူနေတာ။ သခင်က ဝိပဿ     နာ အားထုတ်တယ်ဆိုပြီး
ပစ္စုန်ပ္ပန် တည့်တည့် မရူပါလား။"

"ဘုရား ဘုရား ဘုရား"
စိတ်များပင်ညစ်မိပါတော့သည်။

"ကဲပါညို သွေး မင်းနေချင်သလိုနေတော့။
ညို သွေးကို ခွင့်ပြုလိုက်သည်။ ညိုသွေးတော်တော် ပျော်ဟန်ရှိသည်။ ညို သွေး၏ အပျော် မှာ
တလလောက် ပဲ ခံပါသည်။ တလသာ ပျော်ပုံရပါသည်။
နောက်တော့  တမှိုင်မှိုင် တဝေဝေ။"

"သခင်က ထမင်းစားပွဲမှာစားပြီး ညိုသွေး ကျတော့ ဟော့ဟို နားက တိုင်မှာ ကျွေး တာ မမျှတ ဟု ထင်ပါတယ်သခင်။"

"သခင်လဲရုပ်နာမ် ညိုသွေးလဲ ရုပ်နာမ်
အတူတူပဲလေ သခင်။
ညို သွေး လုပ်ခွင့်မရှိတာ
သခင်လဲမလုပ်နဲ့ပေါ့"
သည်လို ဆိုလာတော့
အလွန်ဂွကျလှ၏။

ညို သွေးသည် ကြေးတန်းတိုက်တတ်လာချေပြီ။
 ညို သွေး သည် စကားကို တတ်သလောက်လဲ ပြောသည်။ ကပ်သီး ကပ်သပ်တွေ တောင်းဆိုသည်။  တောင်းဆို တတ်လွန်းပါသည်။ ရှစ်လေလုံး အရေး တော်ပုံကြီးတွင် အရေးဆိုရင် သေနတ်မှန် သေဆုံးခဲ့သည်လားမသိပါ။

ညိုသွေးကို ဘယ်လိုရှင်းပြရမည် မသိပါ။
" မတူ လို့ကွဲပြားနေတာ ပါ ညို သွေးရဲ့။ ကွဲပြားနေတာကို ခွဲခြားခံနေရတယ် လုပ်ကြတာပါ။ ဘာဖြစ်လို့ကွဲပြားနေတာလဲ မေးရင် မတူလို့ကို ကွဲ နေတာ ဖြေရမှာပါ။

"လူချင်းတူပေမဲ့ သီလချင်း မတူရင် မတူပါ ညို သွေး"
သီလတူ တယ်ထား အနေအထိုင် မတူရင် အဆင်မပြေ ဘူး ညိုသွေးရဲ့။သဟဇာတ အညမည ပျက်ပါရော။ တဦးကခေါင်းရင်း လုပ်တာကို နောက်တဦးက ခြေရင်းလုပ်ပြန်တော့"

ရှင်းပြလေလေ ညိုသွေး အတွက် ခက်လေလေ။

"အစားအသောက်က  မတူတော့ ပိုဆိုးပြန်တယ်။
နောက်ဆို ညိုသွေးက ဇွန်းနဲစားတာတို့ လက်နဲ့စားတာတို့ ကို ကန့်ကွက်ပြီး ညို သွေးစားသလို တန်းတူ ရည်တူ ပုံစံတူ စားသောက်ဖို့ တောင်းဆိုလာရင် ပိုခက်တော့ မယ် ညို သွေးရယ်။"

"အခုတောင် ညို သွေးက မျိုး ရိုးနာမည် မခေါ် ရေး တောင်း ဆိုနေတော့"

 ညိုသွေး၏ ဘဝအမှန်ကို ညိုသွေးကိုယ်တိုင်သိအောင် လုပ်ဖို့လိုပါသည်။ လုပ်ရန်လဲ  လွမ်းမောင်မှာ တာဝန်ရှိသော်လည်း ပျက်ကွက် ခဲ့ပါသည်။ ညိုသွေးကို ချစ်၍ အလိုလိုက်မိသမျှ လွမ်းမောင်မှာ ဒုက္ခ ဖြစ်ရတော့သည်။

လွမ်းမောင်  ဘာကိုမှမရှင်းပြတတ်တော့။
ညိုသွေး မရှိစဉ်က သည်အိမ်တွင် ပြဿ      နာမဖြစ်ခဲ့ပါ။ ညိုသွေးကို လက်မခံခဲ့သော် ဘာပြဿ     နာ မှမတက်နိုင်။ အိမ်အပြင်တွင် ဆက်ဆံသင့်ပါလျက် အိမ်ပေါ် ခေါ်တင်ခဲ့သည်ကလည်း လွမ်းမောင်ပင်ဖြစ်သည်။ ယခုမူ ထိုသို့မဟုတ်ပါ ပြီ။ စကားတတ်လွန်းသည့် ညို သွေးကို မရှင်းပြနိုင်။

လွမ်းမောင်ဘာလုပ်ရမည်နည်း။ ညိုသွေးတောင်းဆိုသမျှ အလိုလိုက်ရင် တခြားသောအိမ်သူ အိမ်သားများကလည် ငြူ စူစပြု နေလေပြီ။
လွမ်းမောင်၏ အားနည်းချက်ကို လွမ်မောင် ကိုယ်တိုင် သိလိုက်ရချိန်တွင် လွမ်းမောင် အတွက်  နောက်ကျခဲ့ပါလေပြီတကား။
ညို သွေးကဲ့သို့ အလွန်လိမ္မာ စကားတတ်သည့် ခွေး ကလေးကိုလည်း လွမ်းမောင် မစွန့်လွှတ်နိုင်။ အိမ်သူ အိမ်သားများ၏ မကြည်ဖြူ ငြူ စူ မူကိုလည်း လွမ်းမောင် လက်ပိုက်မကြည့်နိုင်။လွမ်းမောင်ကို
ကူညီဖြေရှင်းပေးတော်မူ ကြပါ။

ကိုဧည့်သည်
29th May, 2017
3:06 PM

No comments:

Post a Comment