Popular Posts

Thursday, October 12, 2017

ကာလ ဒေသ

ကာလ ဒေသ
*************
နှစ်ပေါင်းများစွာ မူးရစ်သောက်စား ဓါးပြတိုက် ရိုင်းစိုင်းကြမ်းတမ်း သောသူ ဖြစ်လင့်ကစား ထိုလူပုဂ္ဂိုလ်သည် ရဟန်းသံဃာ အဖွဲ့အစည်း ရှေ့ တွင် စစ်ဆေးမေးမြန်း၍ သိမ် မှ ဆင်းပြီးချိန်တွင် ရဟန်းဖြစ်ပါသည်။

 ယနေ့ မှဖြစ်သော ထိုရဟန်းကို   သီလ သမာဓိနှင့် နှစ်ပေါင်း ခြောက်ဆယ်ခန့် ပြည့်စုံ ခဲ့ပါသော လူပုဂ္ဂိုလ်က   ရှိခိုးရပါသည်။ တန်းတူထိုင်ခွင့် မရှိပါ။ ထိုအပြင် မဂ်ဖိုလ်ရပြီးသော လူပညာရှိက ထို ရဟန်းကို ရှိခိုးရပါသည်။

ယနေ့မှ ဝတ် သောကိုရင်ငယ်ကို မိဖများ က ဦးချရပါသည်။ အတူ ယှဉ်ထိုင်၍ မရပါ။ ကုလား တရုပ် ဂျာမန်  မည်သည့်လူမျိုး မဆို ရဟန်း ဝတ်ပါက ထိုရဟန်းများကို  လူပုဂ္ဂိုလ်က ရှိခိုး ဦးချ ရပါသည်။ တတန်းထဲ ထိုင်ခွင့်မရှိပါ။ ကြမ်းတပြေးတည်းထိုင်ခွင့်မရှိပါ။


သီလ သိက္ခာ ပျက်ယွင်းသည်ကို ဒကာဖြစ်သူက သိသည်။ မာတုဂါမနှင့် အတူနေထိုင်သည်ကို မြင်သည်။ ဖောက်ပြန်သည်ကို သိပါသော်လည်း ထိုရဟန်းကို မကြည်ညို ၍ မမြင်လိုက အဝေးမှ ရှောင်ကွင်းသွားရန်သာဖြစ်ပါသည်။
လူပုဂ္ဂိုလ် များနှင့်
အတူတူ ဖြစ်သည်ဟူ၍  အထင်ဖြင့် လူပုဂ္ဂိုလ် ကို ဆက်ဆံသလို ဆက်ဆံခြင်း ပြောဆိုခြင်း နေထိုင်ခြင်း စသည့် အဂါရဝ ဖြစ်စေသော အမူအရာ အနေအထိုင် အပြောအဆို ကို မပြုရပါ။ မပြုသင့်ပါ။ မပြုထိုက်ပါ။

အလှူ အတန်းများ တွင် ရဟန်းတော်များနှင့် ကြမ်းတပြေးတည်းထိုင်နေကြသည်ကို တွေ့ဖူးပါလိမ့်မည်။
ဘတ်စ်ကားပေါ်တွင် အတူ တကွ အခိုက်အတံ သင့်တော်သလို သီတင်းသုံးနေ ထိုင်နေသည့် ရဟန်းများကို မကြာခဏ မြင်တွေ့ပါလိမ့်မည်။

 နိုင်ငံတကာ အခမ်းအနားများတွင် ရဟန်းတော်များကို ပင့်ဖိတ်လေ့ရှိပါသည်။ အဆိုပါ အခမ်းအနားတွင် ရဟန်းတော်များ သည် လူပုဂ္ဂိုလ်များနှင့် တန်းတူ  သီတင်းသုံးရသည်ကို တွေ့ဖူးပါလိမ့်မည်။

ဂလိုဘယ်လိုက်ဇေးရှင်းအရ
နိုင်ငံတကာ သံတမန်များ အလယ်တွင် ရဟန်းတော်များကို ချီးမြှောက်သည်လော။ တန်းတူ ဆက်ဆံ၍ နှိမ့်ချသည်လော မသိပါ။

သိရန်လဲမလိုချေ။

သိသင့်သည်က

ရောမ ရောက်ပါက ရောမ လို ကျင့်ရပါမည်။

ခေါမရောက်ပါကလည်း ခေါမ လိုကျင့်သင့်ပါသည်။

ယခု မိတ်ဆွေ ရောက်ရှိ နေထိုင်နေသော နေရာသည် ကမ္ဘာ ပေါ်တွင်  ဗုဒ္ဓသာသနာ  အထွန်းကားဆုံး အရပ် တခုဖြစ်သည့်  အမိမြန်မာနိုင်ငံ ဖြစ်သည်ကို မမေ့သင့်ပါချေ။

ကို ဧည့်သည်

13/10/2017
7:20 AM

No comments:

Post a Comment