Popular Posts

Saturday, December 9, 2017

စိတ်

ငွေ
**
ငွေ မရှိက ခက် ပါ သည်။ အစစ အရာရာ ချွေ တာရပါသည်။ ခြို့ခြံရသည်။ အငတ်ခံရသည်။
အထင်သေး သောအကြည့် များအောက် တွင် သိမ်ငယ်ရသည်။ ထိုကြောင့် မရှိတာလဲ မသိပါစေနှင့်ဟု လူကြီးသူမများက ဆုံးမကြသည်။
**  : **           **     **

ငွေရှိပြန် လျှင်လည်း အလွန်ခက်သည်။  အထင်ကြီးကြပြန်သည်။
အချောင်သမားများ၏ ချောင်းမြောင်းခြင်းကို ခံရသည်။ ပြဿ     နာ အား လက်ယပ်ခေါ်သလို ဖြစ်ရပြန်သည်။  သနားခြင်းကို မှီ၍ ဖြစ်လာတတ်သော ဂရှု ဏာကို  ချူ ဆီ အဖြစ်သုံးကြသည်။   ငွေရရန် အလို့ငှာ တချို့က ကရုဏာ  တချို့ က ပညာ တချို့ က အာဏာ တချို့ က သြဇာ  ကို သုံးစွဲကြသည်။

ဖော်ပြရန် ကျန်ရှိပါသော ငွေရှာနည်း နည်းလမ်းပေါင်း မြောက်များစွာ ရှိပါသည်။ သိပြီးသားဟု ယူဆပါ၍ အထူး မဖော်ပြလိုပါ။
ထို့ကြောင့်
ရှိတာလည်း မသိစေနှင့်ဟု ဆုံးမကြပြန်သည်။
* * *
အမှန်ဆိုသော် တကယ် ရှိသည်။ မရှိသည် ဟူသည် ကိုယ့် အထွာ နှင့်ကိုယ်ဖြစ်၏။ ကိုယ့်အတိုင်းအတာနှင့် ကိုယ်သာ ဖြစ်သည်။
ကိုယ့်ဘဝ ကိုယ့်အကြောင်း ကိုယ်သာလျှင် အသိဆုံးဖြစ်သည်။

ပတ်သက် ဆက်ဆံသူများကအထင်ကြီးလိုက် အထင်သေးလိုက် ပြု မူကြကာ 
ဆေးပေး၍ ၄င်း ရောဂါပေး၍ ၄င်း
ငွေကို ကြံရည်ညစ်ဘိသကဲ့သို့
ထုတ်ယူသုံးစွဲကြပေသည်။ မရှိ သည့် လောက
ဓံသည် ဆိုးသည်ဟု ဆိုကြပါသည်။ ရှိသည့် လောကဓံ သည် လည်း ထိုနည်းနှင်နှင်။
ထူးမခြားနား ဖြစ်ပါပေသည်။

ငွေကြောင့်သာ လူ့လောကသည် မေတ္တာ ခမ်းခြောက်လာကြသည်။ သံသယများ ပွား၍ ယုံကြည်မူများ ကင်းမဲ့လာကြသည်။ ကတိ ကဝတ်များ ပျက်ယွင်းလာကြသည်။
*  *    * *  *
စိတ်သည်လောက ကို ဦးဆောင်ပါသည်။ လောကကို ဦးဆောင်နိုင်သည့်စိတ်ကို ငွေသည် လှည့်စားနိုင်ပါသည်။ ထိုကြောင့်သာ
ငွေသည် လောက ကို ပိုင်စိုးနိုင် စေစားနိုင် လှည့်စားနိုင် စေခိုင်းနိုင်သည် အရာ ဖြစ်လာပါတော့သည်။

သို့ပါ၍
ငွေကို နိုင်နင်းသူ ဖြစ်ရပါလို၏။ ငွေ၏  လှည့်စားမှု ကို ခံစားရခြင်း လွတ်ကင်းပါစေသတည်း။  တနည်းဆိုရသော် စိတ်ကို နိုင်နင်းသူ ဖြစ်ရပါလို၏။ ငွေ၏ စေခိုင်း လှည့်စား ခြင်း ကို မည်သူမဆို လွန်မြောက်နိုင် လွတ်မြောက်နိုင် ကြပါစေသတည်း။

ကို ဧည့်သည်
9/12/2017
3:21 AM

No comments:

Post a Comment