Popular Posts

Sunday, October 15, 2017

ဝတ်ကြည့်ပါ

လူယုတ်မျိုးရိုးပါဆို
@@@@@@

ဘာသာပေါင်းစုံအဖွဲ့ထဲက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ဝေဖန်ပြီးပြီ။ ဒီတစ်ခါ တခြားဘာသာက ပုဂ္ဂိုလ်တွေ အလှည့်။ ဒီဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို စတင်အော်ဂနိုက်လုပ်တာ မန်းလေးက မုတ်ဆိတ်တို့အုပ်စု ထင်တာပဲ။ ခုချိန်ထိ ထစ်ခနဲဆို ပြဿနာအရှာခံရဆုံးကလည်း မူဆလင်တွေဖြစ်နေတာကိုး။ ခု ဆုတောင်းပွဲလုပ်နေတဲ့ အုပ်စုမှာ မူဆလင်ဖက်က ထိပ်ပိုင်းဘာသာရေးခေါင်းဆောင်တွေ ပါတယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါ ဘယ်ခေါင်းဆောင်ဆိုတာကိုတော့ စိတ်မ၀င်စားလို့ အသေးစိတ် မလေ့လာဖြစ်သေးဘူး။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ဘာပြဿနာမှ မရှိပဲ တယောက်နဲ့တယောက် လူမျိုးခြား၊ ဘာသာခြားလို့ မမြင်ပဲ မူဆလင်တွေနဲ့ တခြားမြန်မာတွေကြားမှာ ခင်မင်ရင်းနှီးစွာ လက်တွဲနေထိုင်လျက်ရှိတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေရှိတယ်။ ခု ဘာသာပေါင်းစုံအဖွဲ့မှာပါတဲ့ မုဖ်သီတွေကို မေးချင်တာက အဲဒီနေရာတွေက လူတွေ ဘာကြောင့် ဟာမိုနီဖြစ်နေကြလဲ သေချာလေ့လာဖူးရဲ့လား။ နောက်တစ်ခုက မူဆလင်နဲ့ တခြားဘာသာဝင်တွေကြား ပြဿနာဖြစ်တဲ့အခါ ဘာကြောင့် ပြဿနာဖြစ်ရသလဲဆိုတာကို တခြားဘာသာဖက်မကြည့်ပဲ မူဆလင်တွေဖက်က ပြဿနာဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို စေ့စေ့ပေါက်ပေါက် လေ့လာဖူးရဲ့လား။ လေ့လာဖူးတယ်ဆိုရင် အဲဒီအချက်တွေကို ပြုပြင်ဖို့ရော ကြိုးစားအားထုတ်ဖူးရဲ့လား။ အဲဒါတွေ ဘာတစ်ခုမှ မလုပ်ရသေးပဲ တခြားဘာသာဝင် လက်တဆုပ်စာကို စည်းရုံးပြီး စင်ပေါ်တက်အာနေတာကတော့ ခင်ဗျားတို့က သူများကို အသုံးချပြီး လူရာဝင်အောင် Self promotion လုပ်နေတာပဲ။

ခု ဘာသာရေးသမားအချင်းချင်း interfaith လုပ်နေတဲ့ မြန်မာပြည်က ထိပ်သီး အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေကို မေးချင်တာက ခင်ဗျားတို့ interfaith ကို တကယ်ပဲ နှစ်နှစ်ကာကာ ရှိရဲ့လား။ ရှိတယ်ဆိုရင် interfaith marriage ကို လက်ခံနိုင်ပြီလား။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အာတီကယ် ၁၆ မှာ အတိအလင်း ပြဌာန်းထားတဲ့ interfaith marriage ကို လူ့အခွင့်အရေးလို့ ခဏခဏပြောနေတဲ့ ခင်ဗျားတို့ ဗလီဆရာအုပ်စု တကယ်ရော လက်ခံနိုင်ပြီလား။ ခင်ဗျားတို့ကိုယ်တိုင် လိုလိုလားလား လက်ခံပြီး ဟောကြားဆုံးမသွန်သင်မှ ခင်ဗျားတို့ရဲ့ တရားနာပရိတ်သတ် မူဆလင်တွေက လိုက်နာကြမှာလေ။ ခု ဘာတွေဖြစ်နေလဲ။ ဘာသာခြားထဲက အမျိုးသမီးကို ယူပြီး ကိုယ့်ဘာသာထဲ ပြောင်းနိုင်တာကို ဂုဏ်ယူစရာထင်နေတတ်တဲ့ စရိုက် မူဆလင်တွေထဲမှာ အမြစ်တွယ်နေတုန်းပဲ။ ဘာသာမတူ လက်ထပ်ယူရင် ကိုယ့်ဘာသာကို မပြောင်းမချင်း လူရာမသွင်းတဲ့ စရိုက် အရိုးစွဲနေတုန်းပဲ။ ယောင်္ကျားလေးတွေကို လူမျိုးခြား၊ ဘာသာခြားနဲ့ ယူဖို့ လမ်းဖွင့်ပေးသလောက် မိန်းခလေးကျတော့ လူမျိုးခြား၊ ဘာသာခြားနဲ့ နီးစပ်သွားမှာစိုးလို့ ချုပ်ချယ်ဖိနှိပ်၊ အပျိုတောင် ၀အောင်မလုပ်လိုက်ရပဲ arranged marriage နဲ့ အိမ်ထောင်ချပေးတတ်တဲ့ ဓလေ့ တွင်ကျယ်နေတုန်းပဲ။ မူဆလင်တိုင်းကို အဲလိုမျိုးလို့ မဆိုလိုဘူး။ ဒါပေမယ့် အဲဒါ တကယ်ရှိတယ်ဆိုတာတော့ ငြင်းလို့မရဘူး။ အိမ်ထောင်သည်တွေကို ဘုရားပေးတာ ဆိုပြီး ခလေးတပြုံကြီးမွေးဖို့ သြ၀ါဒပေးနေတာလည်း ခင်ဗျားတို့ထဲက ဘာသာရေးဆရာတွေပဲ။ ခလေးတွေကို ကျောင်းပညာရေးထက် ဘာသာရေးစာပေ ဦးစားပေး လေ့လာဖို့ လမ်းကြောင်းထဲ မောင်းသွင်းနေတာလည်း ခင်ဗျားတို့ထဲက ဗလီဆရာတွေပဲ။

မြန်မာတိုင်းရင်းသား မွတ်ဆလင်ဆိုပြီး ပါးစပ်က တဖွဖွပြော၊ အ၀တ်အစားကျတော့ မိန်းမယောင်္ကျား နေ့တိုင်းဆင်နေတာက ဘင်္ဂလားပါကစ္စတန်ဖက်ရှင်။ ကွဲပြားခြင်းနဲ့ ခွဲခြားခြင်းဆိုတာ အပြန်အလှန် ထပ်တူကျတာ သဘာဝပဲလေ။ ဘယ်သူမပြု မိမိမှုပဲ။ အဲဒါတွေ ပြုပြင်ဖို့ ခု ဘာသာပေါင်းစုံ အုပ်စုထဲက မူဆလင်ခေါင်းဆောင်တွေ ကြိုးစားပြီးပြီလား။ အမုန်းစကားတွေ ပျောက်အောင်ကြိုးစားနေပါတယ် ဆိုတဲ့ ခင်ဗျားတို့ကိုယ်တိုင် Kaffir ဆိုတဲ့စကားလုံး ပါးစပ်က မထွက်ဖူးပဲ နေမယ်မထင်ဘူး။ စိတ်ဓာတ်လေးတွေ ပြင်မှ စရိုက်က ပြောင်းလာမှာ။ တခြား ဘာသာဝင်တွေနဲ့ ချစ်ကြည်ညီညွတ်ဖို့ မူဆလင်ကွန်မြူနတီကို မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေနေတတ်အောင် ပြုပြင်ယူဖို့က ခင်ဗျားတို့ တာဝန်ပဲ။ ကိုယ်တိုင် စရိုက်မကောင်းနိုင်သေးပဲ တခြားလူတွေကို ပြုပြင်ပြောင်းလဲဖို့ကတော့ ခု ခင်ဗျားတို့လုပ်နေတဲ့ဟာ (ဆုတောင်းလေ ဆုတောင်း)။

နောက်တချက်က ခုဖြစ်နေတဲ့ ပြဿနာတွေထဲက အရင်းအမြစ်တစ်ခု။ ရိုဟင်ဂျာဆိုတဲ့နာမည်။ နိုင်ငံသားဖြစ်ခွင့် ရှိမရှိဆိုတာက ဥပဒေနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စ၊ ဒုက္ခသည်တွေမို့လို့ လူသားချင်း ကိုယ်ချင်းစာတာက တပိုင်း။ မြန်မာတနိုင်ငံလုံး ဒီနာမည်ကို ပြတ်ပြတ်သားသား ငြင်းပယ်နေတဲ့ အချိန်မှာ ခင်ဗျားတို့ မူဆလင်ဘာသာရေး ခေါင်းဆောင်တွေ ခြံစည်းရိုးခွထိုင်နေတာ ဘာသဘောလဲ။ ဒီလူတွေဟာ ဘင်ဂါလီလူမျိုးပါလို့တောင် ထုတ်မပြောရဲတော့ ခင်ဗျားတို့က ဘီလူးစည်း၊ လူ့စည်းကွဲရဲ့လား မေးစရာရှိနေပြီ။ အိန္ဒိယ-ပါကစ္စတန်အကွဲ၊ ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ်အကွဲမှာ ကစဥ့်ကလျားနဲ့ ကြားမှာ နိုင်ငံမဲ့ဖြစ်သွားတဲ့ ဘင်္ဂလီတွေ နည်းတာ မဟုတ်ဘူး။ အဲကနေ ပွားလာတဲ့ လူဦးရေက သန်းနဲ့ချီရှိတယ်။ အဲလူတွေ အကုန်လုံး ရခိုင်ကပါဆိုပြီး ဂျင်းထည့်လို့ရတဲ့ ဒီနာမည်ကို ပြတ်ပြတ်သားသား
လူဦးရေက သန်းနဲ့ချီရှိတယ်။ အဲလူတွေ အကုန်လုံး ရခိုင်ကပါဆိုပြီး ဂျင်းထည့်လို့ရတဲ့ ဒီနာမည်ကို ပြတ်ပြတ်သားသား မငြင်းရဲသေးတဲ့ ခင်ဗျားတို့ရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ သစ္စာတရားက မေးခွန်းထုတ်စရာ ရှိနေတယ်။ ဘာသာရေးခေါင်းဆောင်တွေကို ပြောတာနော်။ ခု မြန်မာနိုင်ငံထဲက မူဆလင်တွေထဲမှာ ရခိုင်က နိုင်ငံမဲ့တွေကို ဖယ်လိုက်ရင်တောင် တရားဝင်နိုင်ငံသားတွေထဲမှာ ဘင်္ဂလီဦးရေ အများဆုံးပဲ နေမှာ။ ဒါပေမယ့် ဒီလူတွေက ကွကိုယ် ဘင်္ဂလီလို့ မခံယူချင်ကြတာ နည်းနည်း ထူးဆန်းနေသလားလို့။ နိုင်ငံနယ်နိမိတ်တွေ၊ ဘာသာတရားတွေကို ဘေးဖယ်လိုက်။ နိုဗယ်ဆုရှင် သုံးယောက်တောင် ရှိတဲ့ ဘင်္ဂလီလူမျိုးရဲ့ သမိုင်းအစဉ်အလာဟာ ဘယ်လူမျိုးကိုမဆို ကောင်းကောင်း ပုခုံးချင်း ယှဉ်လို့ရတယ်။ ကျုပ်အမြင်ကတော့ အနောက်ပါကစ္စတန်နဲ့ အရှေ့ပါကစ္စတန်ကြား ခွဲခြားနှိမ်ချမှုကနေ မြန်မာဖက်ကို ၀င်လာတဲ့ သက်ရောက်မှုလို့ပဲ ထင်မိတယ်။ ဒါကတော့ စကားစပ်မိလို့ ပြောပြတာ။ ဟုတ်မဟုတ်ကတော့ ခင်ဗျားတို့ဘာသာ စဉ်းစားကြည့်ပေါ့။

တကယ်တော့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဆိုတာ မတူကွဲပြားခြားနားမှုကို ဗြဟ္မစိုရ်တရားလေးပါးနဲ့ မျှတတူညီလာအောင် ပြုပြင်တည်ဆောက်ယူခြင်းပဲ။ ဆုတောင်းနေလို့ မရဘူး။ ဆုတောင်းပြတယ်ဆိုတာ တည်ဆောက်ဖို့အတွက် ဖောင်ဒေးရှင်းချတယ်လို့ စောဒကတက်ချင် တက်နိုင်တယ်။ ဒါပေမယ့် ခင်ဗျားတို့ သိထားဖို့က ဖောင်ဒေးရှင်းချရင် အောက်ကို အရင်တူးရတယ်ဗျ။ ကိုယ့်ကျင်းကိုယ်တူး၊ ကိုယ့်တိုင်ကို ခိုင်အောင် အရင်လုပ်ရတယ်။ အဲလို ခိုင်မာရုံနဲ့ မပြီးသေးဘူး။ ခင်ဗျားတို့ရဲ့တိုင် ဖြောင့်မတ်နေဖို့ လိုသေးတယ်။ အဲအဆင့်တွေပြီးသွားမှ တဖက်နဲ့ ပေါင်းစပ်လို့ရမှာ။ ရှင်းလားမသိဘူး။

တလက်စတည်း အဲအဖွဲ့ထဲက ထေရ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်တွေကို တစ်ခုလောက် မှာချင်တယ်။ တခြားဘာသာရေး ခေါင်းဆောင်တွေရဲ့ အလိုကျ သူတို့ဘုရားတွေဆီမှာ ၀တ်ပြုဆုတောင်းပြီးရင် အဲပုဂ္ဂိုလ်တွေကို ဒီစကားလေး ပြောလိုက်ပါ။

“ခင်ဗျားတို့ဘာသာတွေရဲ့ လမ်းစဉ်အတိုင်း ကျုပ်တို့ ၀တ်ပြုဆုတောင်းပေးပြီးပြီ။ ကျုပ်တို့ဘာသာရဲ့ လမ်းစဉ်က ၀တ်ပြုဆုတောင်းတာကို မဟုတ်ပဲ ကျင့်ကြံအားထုတ်တာဆိုတော့ တရားမျှမျှတတဖြစ်သွားအောင် ခင်ဗျားတို့တတွေ ဒုလ္လဘ တပတ်လောက် လိုက်ဝတ်ကြပါလား" လို့။

သူတို့ လက်ခံရင် တပည့်တော် အကုန်လုံးအတွက် ပစ္စည်းလေးပါး ဒါယကာခံမယ် ဟီးဟီး

ဘွရှင်

ဓာတ်ပုံ - ကာတွန်း ကျော်သူရိန်

No comments:

Post a Comment