အသိလို အသိလွန်
*************
လူသည် သိသည်။ သက်ရှိများကြားတွင် အသိဥာဏ် မြင့်သည်က လူဖြစ်သည်။
လူသည် သိလိုသည်။ သိလိုသဖြင့် ကျိုးစားသည်။ ရှာဖွေသည် ။ လေ့လာသည် ထိုကြောင့်ပင် အခြားသော သတ္တဝါ များစွာထက် ပို၍ သိသည်။
သိခြင်းသည်ကောင်း၏။ အမှားအမှန် ပိုင်းခြားသိလျှင် ပိုကောင်း၏။ သဘာဝကိုသိခြင်း ဓမ္မ ကိုသိခြင်းသည် အကောင်းဆုံးဖြစ်၏။
သိလျှင် သက်သာ၏။ မသိလျှင် မသက်သာ။ ဘာမှန်း မသိ၍ ညာမှန်းမသိသူလည်း လောက တွင် များလှပေသည်။ *ဘာမှန်းမသိ ညာမှန်းမသိ* ဟူ၍ ပြောဆိုသုံးစွဲကြပါသည်။
အဝိဇ္ဇာ တည်းဟူသော မသိမူ အကြောင်းကြောင့် သင်္ခါရ တွေဖြစ်တော့၏။
တွေ့ထိမှ လည်း သိနိုင်သည်။ ထိသော်လည်း မောဟ ကြောင့် မသိသူလည်းရှိသည်။ မသိပါက ခံရမည်မှာ သေချာလှသည်။
မိတ်ဆွေကို ရန်သူဟု ထင်မှတ်ခြင်း ရန်သူကို မိတ်ဆွေဟု သိခြင်းလည်း အသိမှားဖြစ်သည်။
အမှန်မသိပါ သော် ခံရမည်မှာ သေချာလှသည်။
တွေ့ ထိသမျှ ဟူသမျှကို ဖဿ ဟုခေါ် သည်။ ဖဿ ပစ္စယာ ဝေဒနာ ပင် မဟုတ်ပါလား။ ဝေဒနုာသည် ခံစားမူ စံစားမူ ကိုဖြစ်စေသည်။ ပါဠိလို ဆိုရ သော် သု ခ နှင့်ဒုက္ခ ဖြစ်၏။
ဆိုလင့်ကစား ထိသော်ငြား သိသော်ငြား သိခွင့် ရပါငြား
အသိ တခုလိုသော် သို့တည်းမဟုတ် အသိ တခုလွန်သော် အလွဲသိဖြစ်ပါ၍ စာကအမှန် လက်ညိုးထိုး မှာ လွဲ တော့သည်။
*ရဟန်းပုဂ္ဂိုလ်လူထိုထို စာကို ကျင့်သုံး၏။ စာက မှန်၏ ဉာဏ်မ မိ ထိအောင်သူ မသိ* ဟူ ၍ လယ်တီဆရာတော်ဘုရားက ရေးသားခဲ့ပါသည်။
ထိုကြောင့် သိသော်လည်း မမှန် ။ မှန်သော်လည်း မဟုတ်။ ဟုတ်ကားဟုတ်သည် ဟုတ်သော်လည်း မတည့်တော့ ချေ။
ကိုအောင်ဟိန်း
7/26/2017
11:43 am
Popular Posts
-
wai lin aung: wai lin aung: လွန် : wai lin aung: လွန် : လွန် **** #အားနာ လွန်သွား တဖက်သား အခွင့်ရေးသမား ဖြစ်သွားတယ်။ #ကိုယ်လဲ ရှုံးကာ ...
-
ပြည်သူ ကိုယ်တိုင်ပြောင်းမှ ရွေ့ ************** ဘယ်သူ သမ္မတ ဖြစ်မည်ကို စောင့်ကြည့် နေမိသည် ကိုလည်း ဝန်ခံပါ၏။ မည်သူတက်သည် ဖြစ်စေ ထူးထူြး...
-
တန်းမတူ ***** ညို သွေးသည် အလွန်လိမ္မာပါသည်။ အိမ်ကိုရောက်လာသည်က လဲ အဆန်း။ ညိုသွေးရောက်လာပုံကို ပြောပြပါဦးမည်။ ညိုသွေးသည် တကောင်ကြွက် ဖြစ်...
-
ခွင့်လွှတ် ****** သတိယွင်း ငြား ရေးမိမှား က အကျွန့် တောင်းပန် ဦးထိပ်ပန် အဟံ ဝန္တာမိ ပါ ဆရာ။ ကိုနိုင်း 9/7/2017 8:10 pm
-
သည်ချိန်မှာ ****** လေပြေ ဆော်သွေး အေးရင် ကတုံ သဉ္စာ ဘုံဝယ် ထွေးခြုံ ရအောင်။ ကိုနိုင်း 10:08AM Jan 17,2017 The fresh soft breeze is s...
-
ဝမ်းတလုံးကောင်း ************ ဝမ်းချုပ်လျှင် ဘယ်လို လုပ်သင့်ပါသနည်း။ ဝမ်းချုပ်သည် အကြောင်းကို တနေရာတွင်မေးမြန်းထားသည်ကို တွေ့လိုက်ရသည်။ ...
-
o အက္ခရာ အဖွင့် ဋီကာ ***************** ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။ တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သေ...
-
လွတ်မြောက်နယ်မြေ ********-****** လူဟူသည် လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီးနိုင်ခွင့်...
-
wai lin aung: လူ နတ် ဘီလူး : လူ နတ် ဘီလူး ************** ငယ်စဉ်အခါက မိခင် ဖခင် င်္မွေးဖွားရာ တောရွာလေးများသို့ မကြာမကြာ ရောက်တတ်သည်။ယခုလိုရ...
-
မိအေးဗျူ ဟာ ********* "သေနင်္ဂဗျူ ဟာ စစ်၏ အင်္ဂါ စစ်ချီ စစ်တက် စစ်ထိုးစစ်ခံ - - - - ကိုယ်ခံ လက်ဖွဲ့ တကဲ့ ယောင်္ကျား။" သီ...
No comments:
Post a Comment