Popular Posts

Monday, July 17, 2017

ဒွေ

နိုင်ငံရေးသမား နှစ်စား
****************
ဘဝ
ရပ်တည်နိုင်ရန် နိုင်ငံရေး လုပ်သူ သည် (လောဘ )ကို မစွန့်နိုင်။

ငွေကြေးပြည့်စုံသောကြောင့်
ဘဝ ရပ်တည်နိုင်၍   နိုင်ငံရေးလုပ်သူ မှာ ( သမ္မာ ဆန္ဒ  ) ဖြစ် ၍ လောဘကို စွန့်နိုင်သည်။

နိုင်ငံရေး သမား နှစ်မျိုး ရှိပါသည်။

ထိုနှစ်ဦးမှာ ကျောခြင်းကပ်နေသော နိုင်ငံရေးသမားများပင်ဖြစ်ကြသည်။နိုင်ငံတော်ကို ဗဟိုပြု သည့်  လုပ်ဆောင်ချက် တူသော်ငြား ဦးတည်ရာ မတူညီပေ။

ရင်ချင်းကပ် နှင့် ကျောချင်းကပ်နိုင်ငံရေးနှစ်မျိုးသည် အမှန်ရှိပေ၏။

လာရာ မတူ  သော်ငြား
ရင်ချင်းကပ်၍ နှလုံးသားချင်းနီး သည့် နိုင်ငံရေး သမားတို့သည် လောကတွင် ရှိ၏။

လား ရာ မတူ ဆန့်ကျင် သော်ငြား ကျောချင်းကပ်ပါလျက်  နှလုံးသားချင်း ဝေးနေသော သူ နှစ်ဦးလည်း လောကတွင်ရှိသည်။

မည်သို့ဆိုစေ သမ္မာ ဆန္ဒ
သမ္မာ လောဘ ဖြစ်အောင်ကြိုးစားခြင်းသည် အကောင်းဆုံး နိုင်ငံရေးဖြစ်ပါသည်။

ကိုအောင်ဟိန်း




No comments:

Post a Comment