Popular Posts

Friday, April 28, 2017

နိုင်ငံတော်နစ်နာမူ



ရန်ကုန်မြို့လည်မှ ပြည်သူ့ဘဏ္ဍာနစ်နာဆုံးရှုံးမှုကြီး
___________________________________

(၁) ဦးခင်ရွှေက ဒီကန်တော်ကြီးဥယျာဉ် တခုလုံးကို  တလ သိန်း ၃၀ လေးနဲ့ လုပ်ကိုင်ခွင့်ရနေတာ နှစ်ပေါင်းကြာလှပြီဗျ - အဲဒါကိုမှ ဒီမိုကရေစီ အစိုးရလို့ ခေါ်ကြတဲ့ ဦးသိန်းစိန် သမ္မတသက်တမ်း အဆုံးနားလေး အရောက်မှာ -
အပြင်မီဒီယာများရော ပြည်သူများကပါ လူပြောများလာတာကြောင့် တကြောင်း - မြင်မကောင်း ရှု့မကောင်း ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတာက တကြောင်း - လက်ဦးမှုရယူ တရားမျှတသယောင် ခပ်ပါးပါးပုတ် အပြစ်လုပ်ပေးတဲ့ ခမည်းခမက်ရဲ့ လွှတ်တော်ကနေ တလ ၄၅ သိန်းလောက် ဖြစ်စေ ဆို အမိန့်ချခဲ့တာပါ ခင်ဗျ ၊

(၂) အဲဒီ တလ ၄၅ သိန်း ဆိုတာရဲ့ အနည်း အများ - ဖြစ်သင့် မဖြစ်သင့်လေးကို သေးသေးလေး ချိန်ကြည့်စရာ ကျွန်တော်ပြောပါမယ် ၊
အဲဒီ ပန်းခြံရဲ့ သိမ်ဖြူဂိတ်ပေါက်က အဝင်ဝမှာတင် တွေ့ရတဲ့ ဆိုင်သုံးဆိုင်က ပေးရတဲ့ လခမှာတင် သိန်း ၅၀ ရှိနေပါတယ်ဗျ - [ ငြင်းမယ် ဆိုရင် ပါးရိုက်ကြေး လောင်းချင်ပါမယ်ဗျာ ]

(၃) ဒီတော့ ကန်တော်ကြီးမှာ စားသောက်ဆိုင်ချည်း စုစုပေါင်း ၃၀ ကျော် ရှိပါတယ်ဗျ -

(၄) တခြား လက်မှုဆိုင်လေးတွေ ရိုးရာဆိုင်လေးတွေ ရှိပါသေးတယ်ဗျ -
ဓါတ်ပုံ စတူရီယိုလည်း ရှိပါတယ်ဗျ -
Fm အသံလွှင့်ဌာန ရုံးခန်းတွေ ရှိပါတယ် -
အသံသွင်း စတူရီယိုတွေ ရှိပါတယ် -
တခြား ရုံးခန်းငှားထားတာတွေလည်း ရှိပါသေးတယ်ဗျ -

#အဲဒါတွေအကုန်ပေါင်းကြည့်ပါ !
#မပြီးသေးဘူး -

(၅) တနှစ်ပတ်လုံး ရှိုးပွဲတွေ ကုပ္မဏီ ပရိုမိုးရှင်းတွေ လုပ်သမျှ -

(၆) နေ့စဉ် တယောက် ၃၀၀ နဲ့ ဂိတ်ကြေးမှ ရသမျှ -
        နိုင်ငံခြားသား တယောက် တဒေါ်လာ -

(၇) အဆိုးဆုံးကတော့ ရန်ကုန်ကို ဝင်လာသမျှ နိုင်ငံခြားခရီးသွားများ မလာမဖြစ်လောက်ကို ရောက်ကြရတဲ့ ကရဝိတ် ရေပေါ်ဟိုတယ်ကြီးကိုပဲ တလ ကို ဘယ်ဈေးလောက်နဲ့ ငှားရမ်းသင့်ပါသလဲဗျာ !

ဒါ ကျွန်တော် အခုပြောတာ အကြမ်းဖျင်းကို အကင်းပဲရှိသေးတာ !
ဒီ ကန်တော်ကြီး ဥယျာဉ်နဲ့ ပါတ်သက်တဲ့ နာစရာများကတော့ဗျာ ... ရင်နဲ့တောင် မဆန့်အောင်ဗျ !

ဒါကို ပြည်သူ့ကိုယ်စားလှယ် nld ကိုယ်စားပြုတယောက်က ငှားရမ်းခ ထပ်မတိုးသင့်ကြောင်း လွှတ်တော်မှာ ကာဗာ လုပ်ပေးတာတော့ ရိုင်းလွန်းပါတယ်ဗျာ -

credit - Myo Min
              Khant Naing

No comments:

Post a Comment