Popular Posts

Tuesday, April 25, 2017

ခင်ပွန်းကြီး

စည်း
****

 'လက်ထဲက ခွက်ကို ချလိုက်'

ပြင်းထန်သော အမိန့်ပေးသံပေါ်ထွက်လာသည်။
ရေတခွက် ကို ဆုံးအောင်မသောက်လိုက်ရ။ ဆရာ့၏ အမိန့် ပေးသံကြောင့်  ခွက်ကို ရောင်ရမ်း၍ လွှတ်ချလိုက်သည်။

ဆရာ ဖြစ်သူ ကို ကြည့်လိုက်မိသည်။မီးဝင်းဝင်းတောက်မျက်လုံးနှင့်ကြည့်နေသည်ဟုထင်ရသည် ။လက်ထဲတွင် အထုပ် တထုပ်။ ပြူ တင်းတံခါးမှ ဝင်လာသော လရောင် ကြောင့် ထင်ထင်ရှားရှား။

စိတ်ပျက်လက်ပျက်နှင့် ပစ်ချလိုက်သော အထုပ်သည် ရွှေထည်ပစ္ဓည်းနှင့် လက်ဝတ်ရတနာများပြန့်ကျဲလျက် တဖျတ်ဖျတ် ဝင်းလက် တောက်ပနေ၏။

 '' လာ အမြန်ထွက် စို့''

''ပစ္စည်းတွေ သိမ်းဦးမယ်ဆရာ။''

ပြောပြောဆိုဆို
ပစ္စည်းများကို သိမ်းဆည်းရန် လက်အလှမ်းတွင်---

* ဖြန်း ဖြန်း*
ပြင်းထန်သော ဘယ်ပြန် ညာပြန် ရိုက်ချက်ကြောင့်
ပြာဝေကာ မိုက်ကနဲ ဖြစ်သွားသည်။

''မှတ်ထား ဟကောင် သူ့ပစ္စည်းလိုချင်လျှင်
သူ့ ရေ မသောက်ရဖူးကွ။''
''မင်းက သူ့ ရေကို သောက်မိလိုက်ပြီလေ။ အဲဒါတွေ ထားခဲ့တော့။''

ဆရာ့ ၏ ဆွဲ ခေါ်ရာနောက်သို့ လိုက်ပါလာသော်လည်း ခြေလှမ်းများက ရှေ့သို့မရောက်။ ခပ်ဖြေးဖြေး ခပ်လေးလေး။

ကိုအောင်ဟိန်း
Jan 21, 2017
5:22  PM

No comments:

Post a Comment