Popular Posts

Thursday, April 20, 2017

စိတ်ကြီးဝင်

ဝါးတားတား
'*********
မောင်မွဲပြာသည်
စာရေးစားပွဲ တွင်
ထိုင်လိုက်သည်။ သောက်လက်စ ဆေးပေါလိပ်ကို မီးညှိလိုက်ကာ တရှီုက်မက်မက် ဖွာရှိုက်လိုက်သည်။
သောက်လက်စဆေးလိပ်သည် အကြွေးမကြေသေး။ သည်မနက်က ဆန်တပြည်နှင့် ဆေးပေါလိပ် ၂၀၀ ဖိုး အကြွေးယူခဲ့သည်။

ဆန်အိုးထဲတွင်ဆန်မရှိမှ ကဗျာရေးရန်သတိရသည်။ အကြွေး ဆပ်နိုင်ရန် ကဗျာ ရေးမည်ဟု အကြံဖြစ်သည်။
အကြံကားမထွက်။ တောင်တောင်အီအီစဉ်စားရင်း စာအုပ်တအုပ်မှ တပါးသူ ရေးထားသောကဗျာ ကို ခေါင်းစဉ်ပြောင်းကာ ကူးရေးလိုက်၏။
ခပ်တည်တည်ပင် ကဗျာရေးသူ နာမည်ပြောင်းလိုက်သည်။ ဘယ်သူမှ မသိနိုင်ပေ။  
*         *         *            *               *

စိတ်ကြီးဝင်
********
နွား ​ခြေ ရာ ခွက်
ရေပြင်ထက် ရပ်
ပင်​ လယ်​ မှတ်​ လို့
ကူး ခတ်​ ​ပျော်​ ရွှင်
စိတ်​ ကြီး ဝင်​ သည်
ငါလျင်​​ရွှေဖား
သေ ကားယားတည်း ။       ။

မွဲပြာ

ဘယ်မဂ္ဂဇင်းတိုက်ကို ပို့ရမည်နည်း။
တိုက်၏ မူဝါဒလဲမသိ။ ကြုံရာပို့တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ကဗျာ
ရေးရင်း ကဗျာဆရာမွဲပြာ သည် ကိုယ့်ကိုကိုယ်ရှက်လာမိသည်။တသက်လုံး အလုပ်ဟူ၍ မယ်မယ်ရရမရှိခဲ့။ ကဗျာဆရာယောင်ယောင်။စာရေးဆရာယောင်ယောင်။ နိုင်ငံရေးသမားယောင်ယောင်။ ပရဟိတသမားယောင်ယောင်။
ဒီမို ယောင်ယောင် ယောင်ခြောက်ဆယ် အသွင်နှင့်သာ ရပ်တည်ဖူးသည်။

ယခုတလော အလုပ်မရှားဟုသိရသည်။ ဆန္ဒပြလိုက်လျှင် အနည်းဆုံးငါးထောင်ခန့် ရကြသည်ဟု သိရသည်။
လိုက်တော့ မလိုက်ဖူးသေး။ အဆက်အသွယ်တော့ လိုသည်ဟုသိရသည်။ အမိမြန်မာ
နိုင်ငံတော်တွင် ယခုကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာသည့်အတွက် ဝမ်းမြောက်မိသည်။ ကြိုဆိုပါသည်။ တခုတော့ရှိသည်။ ဘယ်သူ့ဘက်ကို ကိုယ်စားပြု၍ လိုက်ရမည်မသိသေး။ အမျိုးဘာသာသာသနာဘက်ကို ကိုယ်စားပြု၍ လိုက်ရမည်လော။ လူ့အခွင့်ရေးဘက်က လိုက်ရမည်လော။ နှစ်ဖက်စလုံး အဆင်ပြေရာဘက်က လိုက်ပါက သင့်ပါမည်လော။

 စဉ်းစားရင်းခေါင်းပူလာသည်။ စဉ်းစားရင်းပင် ကဗျာဆရာ မောင်မွဲပြာ အိပ်ပျော်ခြင်းသို့ရောက်သတည်း။

ကိုအောင်ဟိန်း
April 19, 2017
9:00 pm

No comments:

Post a Comment