* ပင်လုံမြေ *
ဟိုတချိန်က
ရွှေပြည်မြန်မာ|ငါတို့ရွာမှာ|မဟာအတော်|ဂုရုကျော်တို့|တွေးခေါ်ကျမ်းပြု|စကားစုကို|ခြေ/ဉအသွင်|မှတ်တမ်းတင်ခဲ့|မျှော်မြင်ကြီးမြတ်|စစ်ဖိနပ်အောက်|ပြားဝပ်မှောက်စေ|ခြောက်ခြောက်ခြားခြား|သွေးပျက်ပြားစေ|ပြုစားဖန်ဆင်း|
နှောင်ကြိုးတင်းသည်|ဖွတ်မင်းသခင်|ကွက်ဆန်းထွင်သည်|ပြည့်ရှင်သနင်း|ကျွန်ဇတ်သွင်း ||
ဆယ်စုများစွာ|အမှောင်ကာကွယ်|ချောင်မှာတိတ်တိတ်|ငိုသံအိပ်၍|ယိုဖိတ်မျက်ရည်|အသဲကြေမွ|အံကြိတ်ရသည်|တမ်းတရောင်နီ|နေ့သစ်ဆီသို့|မျှော်ရည်ရွယ်စူး|ခေတ်သစ်ဉီးသို့|ညွှတ်ဉီးရင်စုံ|ဘဝင်တုန်အောင်|ရင်ခုန်ခဲ့ရ|တို့ဘဝ ||
သောင်ပြို ကမ်းကျိုး|အိမ်မက်ဆိုးမှ|လှုပ်နိုးထချိန်|ရောင်နီမှိန်လည်း|တည်ငြိမ်လက်သန်း|မှင်ပြာနမ်း၍|အားစမ်းမျှော်လင့်|မဲတပွင့်ကို|ဝင့်ဝင့်ကြွားကြွား|ရွှေရင်ကြားမှ|မားမားရပ်ရပ်|မေတ္တာထပ်၍|နှံအပ် သင့်ထံ|သစ္စာမှန်သော်|ဧကန် ရမြဲ|ဒေါင်းအောင်ပွဲ ||
မိုးကုပ်စက်ဝန်း|ရှေ့ယွန်းယွန်းမှ|ပေါ်ထွန်းအစက်|ရောင်နီလက်ပြီ|သွက်သွက်တုန်းမောင်း|ရိုက်ခတ်ထောင်း၍|ခွပ်ဒေါင်းအောင်လံ|ကောင်းကင်ယံဝယ်|လွင့်ပျံဝင့်ဝင့်|ကကြိုးဆင့် ||
အမှောင်ဖယ်ခွာ|ရောင်နီသာလျှင်|ကြင်နာထွေးယှက်|ယုယလက်နှင့်|ပွေ့ဖက်အတူ|ရိုင်းပင်းကူ||
အမှောင်ဖယ်ကွင်း|ရောင်နီခင်းသော်|ပွင့်လင်းချိုချို|နှုတ်ခမ်းပျိုမှ|ဖိတ်ယိုဆပွား|သစ္စာများကို|စောင့်စားမျှော်ရင်း|ရင်ခုန်ခြင်း||
မြင်သာပွင့်လင်း|အရုဏ်ကျင်းသော်|ကြိုင်သင်းထုန်ထုန်|ပန်းဝတ်မှုန်နှင့်|ဖူးငုံပွင့်စုံ|မြို့ပင်လုံဝယ်|
လွှမ်းခြုံမေတ္တာ|ချစ်ကြင်နာ၍|သစ္စာပန္နက်|ယုံကြည်ချက်ကို|
ဆင့်လျက်စိုက်ထူ|ဗိုလ်ချုပ်မူနှင့်|ရယူအတု|သတိပြု၍|အားစုစွမ်းရည်|ပြည်သစ်တည်စေ|မြန်မာပြည်|| ||
ဘဝ ခရီးသည် {၀၉:၀၀}
photo ပိုင်ရှင်ကျေးဇူးပါ
Popular Posts
-
wai lin aung: wai lin aung: လွန် : wai lin aung: လွန် : လွန် **** #အားနာ လွန်သွား တဖက်သား အခွင့်ရေးသမား ဖြစ်သွားတယ်။ #ကိုယ်လဲ ရှုံးကာ ...
-
ပြည်သူ ကိုယ်တိုင်ပြောင်းမှ ရွေ့ ************** ဘယ်သူ သမ္မတ ဖြစ်မည်ကို စောင့်ကြည့် နေမိသည် ကိုလည်း ဝန်ခံပါ၏။ မည်သူတက်သည် ဖြစ်စေ ထူးထူြး...
-
တန်းမတူ ***** ညို သွေးသည် အလွန်လိမ္မာပါသည်။ အိမ်ကိုရောက်လာသည်က လဲ အဆန်း။ ညိုသွေးရောက်လာပုံကို ပြောပြပါဦးမည်။ ညိုသွေးသည် တကောင်ကြွက် ဖြစ်...
-
ခွင့်လွှတ် ****** သတိယွင်း ငြား ရေးမိမှား က အကျွန့် တောင်းပန် ဦးထိပ်ပန် အဟံ ဝန္တာမိ ပါ ဆရာ။ ကိုနိုင်း 9/7/2017 8:10 pm
-
သည်ချိန်မှာ ****** လေပြေ ဆော်သွေး အေးရင် ကတုံ သဉ္စာ ဘုံဝယ် ထွေးခြုံ ရအောင်။ ကိုနိုင်း 10:08AM Jan 17,2017 The fresh soft breeze is s...
-
ဝမ်းတလုံးကောင်း ************ ဝမ်းချုပ်လျှင် ဘယ်လို လုပ်သင့်ပါသနည်း။ ဝမ်းချုပ်သည် အကြောင်းကို တနေရာတွင်မေးမြန်းထားသည်ကို တွေ့လိုက်ရသည်။ ...
-
o အက္ခရာ အဖွင့် ဋီကာ ***************** ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။ တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သေ...
-
လွတ်မြောက်နယ်မြေ ********-****** လူဟူသည် လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီးနိုင်ခွင့်...
-
wai lin aung: လူ နတ် ဘီလူး : လူ နတ် ဘီလူး ************** ငယ်စဉ်အခါက မိခင် ဖခင် င်္မွေးဖွားရာ တောရွာလေးများသို့ မကြာမကြာ ရောက်တတ်သည်။ယခုလိုရ...
-
မိအေးဗျူ ဟာ ********* "သေနင်္ဂဗျူ ဟာ စစ်၏ အင်္ဂါ စစ်ချီ စစ်တက် စစ်ထိုးစစ်ခံ - - - - ကိုယ်ခံ လက်ဖွဲ့ တကဲ့ ယောင်္ကျား။" သီ...
No comments:
Post a Comment