Popular Posts

Thursday, January 26, 2017

သုံးပါစုံ မှ

ကံ ဉာဏ် ဝိရိယ
************
ကံရှိပေ ငြား
ဥာဏ်နည်းပါးမူ
ဝိရိယ ကူ လည်း
အကျိုးနည်း၏။       ။

ဝိရိယ ပြောထူ
ဥာဏ် ပင် ကူ ငြား
ကံနည်းပါး၍  အကျိုးမရ
ဖြစ်တတ်စွ ၏။           ။

ရှေ့ကံကြီး  ပြန်
ဥာဏ်ယှဉ် ပြန်လည်း
ဝိရိယ အားထုတ်
အလုပ်မလုပ်က
ဖျဉ်းသိမ် သေးနုပ်
အကျိုးယုတ်၏။           ။

အောင်လင်းဝေ
Nov17, 2015
9:00P M

No comments:

Post a Comment