Popular Posts

Sunday, September 25, 2016

ပြတ်သည် ဆက်သည်

အယူအဆ နှစ်မျိုး
************

ဘဝသည်
ဥစ္ဆေဒ  ပြတ် သည် ဟုလည်းကောင်း
တဿ       တ   ဆက်သည် ဟု လည်းကောင်း
အယူ အဆ နှစ်မျိုး သည် လောကတွင်ရှိသည်။
နှစိမျိုးစလုံး မမှန်။

ဆက်ခြင်း လည်း မဟုတ် ပြတ်ခြင်းလည်းမဟုတ် ဟု ယူဆမှ မှန်သည်။

နာမ်   သို့ မဟုတ် စိတ်  ဝိဥာဉ် သည် တဖက် ဘဝသို့ ကူးပြောင်းသွားခြင်း မဟုတ်။
ကံမ္မသတ္ထိ အစွမ်းသာ ထပ်ဟပ်ခြင်းဖြစ်သည်။
ရုပ်ဟောင်း နာမ်ဟောင်း မဟုတ်ပါပေ။

ဖယောင်းတိုင်ဟောင်းမှ မီးသည် တိုင်အသစ်သို့ကူးခြင်ဖြင့်ထင်ရှားသိနိုင်သည်။

မီးကူးသည့် အခါ ပထမ မီးကား ဒုတိယဖယာင်းတိုင်ထံကူးသွားသည် မဟုတ်ချေ။

အခြားမှ လာသည့်မီးလည်းမဟုတ်။ မီးဟောင်းကူးလာသည်လည်းမဟုတ်ပါချေ။

မီးဟောင်းနှင့် လည်းမကင်း။
မီးဟောင်းအထောက်အပံ ဖြင့် ဒုတိယ ဖယောင်းတိုင်ထံ ဖြစ်တည်ခွင့် ရသော မီးအသစ် ဖြစ်လေသည်။

****
****
25/9/2016
4:50 AM

No comments:

Post a Comment