Popular Posts

Wednesday, August 10, 2016

link of Aung Hein

http://kophyominwai.blogspot.com/2013/08/blog-post_8.html?m=1
ပြုံးမိသည်
*******
အိပ်ယာမှ နိုးထခဲ့ လေပြီ။ ခေါင်းရင်က ဖုန်းကို လက်ဖြင့်စမ်းလိုက်၏။ စမ်းရင်း ပြုံးမိပါသည်။ ကိုယ်လိုလူစား ဘယ်လောက်များ နေပြီနည်း။ သုတေသန လုပ်သင့်သည်။ အရေ မရ အဖတ် မရ လုပ်သူတို့ များလေလေ နိုင်ငံတော် ဆင်းရဲ လေလေ။
ထွက်ကုန်မရှိသော နိုင်ငံသည် ဆင်းရဲ၏။ ကုန်ထွက်များပါက ချမ်းသာသည်။
ထွက်ကုန်မရှိသော ထုတ်ကုန်မရှိသော သူသည် နိုင်ငံသည် အဘယ်မှာလျှင် ချမ်းသာ နိုင်အံနည်း။
တချို့ ထုတ်ကုန်မရှိ။ ဝန်ဆောင်မူရှိသည် ထိုကြောင့် ချမ်းသာသည်။ တချိုကား ရောင်းဝယ်မူ ရှိသည်။ တချို့ ကားကုန်သွယ်မူ ရှိသည်။ ထိုကြောင့် ချမ်းသာနိုင်၏။ မချမ်းသာ လင့်ကစား မချို့ တဲ့ ချေ။ မဆင်းရဲနိုင်။
ကဗျာရေးသည်။ စာရေးသည်။ ရေးနိုင်သည်က အတိုအစသာ။ အသိဥာဏ်ဆိုင်ရာ ထုတ်ကုန်ဟု ကြံဖန်ဂုဏ်ယူသော်လည်း ထိုအလုပ်ကား ဝင်ငွေမရ။ ကုန်ပေါက်သာလျှင် ဖြစ်သည်။ ဝင်ငွေမဖြစ်သော ဟန်ပြလုပ်ငန်းသာဖြစ်သည်။ ဟန်ပြလုပ်ငန်းမှန်သမျှ အကျိုး မရှိနိုင်။
ရေးသည်က နိုင်ငံတော်တည်ဆောက်ရေး။ အဖြစ်က ကိုယ့်ကိုကိုယ်ပင် တည်ဆောက်နိုင်ခြင်းမရှိ။ အဖြစ်ဆိုးပေစွ။
သည်လိုလူစား ဗမာပြည်တွင်ဘယ်လောက်များပြီနည်း။ တွေးမိရင်း ပြုံးမိပါသည်။
ကိုအောင်ဟိန်း

No comments:

Post a Comment