Ko E' The ( Ko Aung Hein ) Law Lwa Alw
poem,article,essay
Popular Posts
-
wai lin aung: wai lin aung: လွန် : wai lin aung: လွန် : လွန် **** #အားနာ လွန်သွား တဖက်သား အခွင့်ရေးသမား ဖြစ်သွားတယ်။ #ကိုယ်လဲ ရှုံးကာ ...
-
ပြည်သူ ကိုယ်တိုင်ပြောင်းမှ ရွေ့ ************** ဘယ်သူ သမ္မတ ဖြစ်မည်ကို စောင့်ကြည့် နေမိသည် ကိုလည်း ဝန်ခံပါ၏။ မည်သူတက်သည် ဖြစ်စေ ထူးထူြး...
-
တန်းမတူ ***** ညို သွေးသည် အလွန်လိမ္မာပါသည်။ အိမ်ကိုရောက်လာသည်က လဲ အဆန်း။ ညိုသွေးရောက်လာပုံကို ပြောပြပါဦးမည်။ ညိုသွေးသည် တကောင်ကြွက် ဖြစ်...
-
ခွင့်လွှတ် ****** သတိယွင်း ငြား ရေးမိမှား က အကျွန့် တောင်းပန် ဦးထိပ်ပန် အဟံ ဝန္တာမိ ပါ ဆရာ။ ကိုနိုင်း 9/7/2017 8:10 pm
-
သည်ချိန်မှာ ****** လေပြေ ဆော်သွေး အေးရင် ကတုံ သဉ္စာ ဘုံဝယ် ထွေးခြုံ ရအောင်။ ကိုနိုင်း 10:08AM Jan 17,2017 The fresh soft breeze is s...
-
ဝမ်းတလုံးကောင်း ************ ဝမ်းချုပ်လျှင် ဘယ်လို လုပ်သင့်ပါသနည်း။ ဝမ်းချုပ်သည် အကြောင်းကို တနေရာတွင်မေးမြန်းထားသည်ကို တွေ့လိုက်ရသည်။ ...
-
o အက္ခရာ အဖွင့် ဋီကာ ***************** ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။ တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သေ...
-
လွတ်မြောက်နယ်မြေ ********-****** လူဟူသည် လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီးနိုင်ခွင့်...
-
wai lin aung: လူ နတ် ဘီလူး : လူ နတ် ဘီလူး ************** ငယ်စဉ်အခါက မိခင် ဖခင် င်္မွေးဖွားရာ တောရွာလေးများသို့ မကြာမကြာ ရောက်တတ်သည်။ယခုလိုရ...
-
မိအေးဗျူ ဟာ ********* "သေနင်္ဂဗျူ ဟာ စစ်၏ အင်္ဂါ စစ်ချီ စစ်တက် စစ်ထိုးစစ်ခံ - - - - ကိုယ်ခံ လက်ဖွဲ့ တကဲ့ ယောင်္ကျား။" သီ...
Wednesday, February 10, 2021
Tuesday, November 24, 2020
yamaka
Preaching the benefit of Yamaka Desanā, as already stated above is that students of
Abhidhamma and insight meditators will have clear knowledge of the characteristics of the
Anicca, Dukkha, Anatta of Paramattha Dhamma, free from doubt and confusion as if they
had seen the full-moon shining bright in the middle of the cloudless sky. It means that those
who are well versed with the Yamaka preaching methods will improve their knowledge of
Abhidhamma as well as the Vipassanā Ñāņa (insight knowledge) or Yathabutañāņa. For this
benefit the All Enlightened Buddha
Monday, November 23, 2020
Ooo
jmbb gjk gjiThe Abhidhamma Piṭaka is the last of the three piṭakas, constituting the Pali Canon, the scriptures of Theravāda Buddhism. It presents a more formal, abstract, systematic form of teaching than the others.
The Abhidhamma Piṭaka consists of seven books.
1. Dhammasaṅgaṇī (Classification of Dhamma)
2. Vibhaṅga (Analysis or Division)
3. Dhātukathā (Discussion of Elements)
4. Puggalapaññatti (Descriptions of Individuals)
5. Kathāvatthu (Points of Controversy)
6. Yamaka (The Book of Pair)
7. Paṭṭhāna (The Book of Causal Relation)
Among the seven books, here we only discuss about the 6th book, which is Yamaka.
This book consists of ten chapters, each dealing with a different topic; for example, the first deals with roots. A typical chapter (there are a number of divergences from this pattern) is in three parts.
The first part deals with questions of identity: "Is good root root?" "But is root good root?" The entire Yamaka consists of such pairs of converse questions, with their answers. Hence its name, which means pairs.
The second part deals with arising: "For someone for whom the form aggregate arises, does the feeling aggregate arise?"
The third part deals with understanding: "Does someone who understands the eye base understand the ear base?"
So, what are the ten chapters?
They are:
1. Mūla (Roots),
2. Khandha (Aggregates),
3. Āyatana (Bases),
4. Dhātu (Elements),
5. Sacca (Truths),
6. Saṅkhāra (Conditioned Things),
7. Anusaya (Latent Dispositions),
8. Citta (Consciousness),
9. Dhamma,
10. Indriya (Controlling Faculties).
Now, let us go to the second chapter – Khandha Yamaka, Pairs On Aggregates
ooo
o အက္ခရာ အဖွင့် ဋီကာ
*****************
ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။
တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သင်္ကေတဖြစ်သည်။ အနိုင်ကျင့်ဖူးပါက ပြန်လည် အနိုင်ခံရ မည်မှာဓမ္မတာ။
သူတပါးအား စိတ်ညိုးနွမ်းစေက အလားတူ ပြန်ခံရမည်မှာ အသေအချာဖြစ်သည်။
ဝဋ် သည် ဝ ဖြင့်ရေးရသည်။ ပြု ခဲ့ ဖူးသော ကံဆိုးကို ပြန်ခံရလျှင် ဝဋ် မကင်းဟု ဆိုကြသည်။ ကိလေသဝဋ် ကံမ္မဝဋ် ဝိပါက ဝဋ် ဟု ဝဋ်သုံးပါးရှိလေသည်။ ဝဋ် မကြောက်သူများ သံသရာတွင် လည်စင်းခံရမည် ဘေးကား ကြောက်စရာ။
ထဆင်ထူးသည် ဝ နှစ်လုံးကို ပူးထား၍ ထ ဆင်ထူး ဖြစ်လာသည်။ ထူး လည်းထူးပါသည်။ ဗျည်း ၃၃လုံး ၏ အလယ်တွင် တည်ရှိသည်။
ရှေ့က ရေတွက်သော် ၁၆ လုံးမြောက် နောက်က ရေတွက်သော် ၁၆လုံးမြောက်သည်
ထ ဆင်ထူးဖြစ်၏။ ဆင်ကို ထူဖြင့်ခတ်၍ ချုပ်နှောင်သည်။
ဆင်ခတ်သည့်ထူး သည် *ထ*
သဏ္ဍာန်။ ထို့ကြောင့် ထဆင်ထူးဟု ခေါ်သည်
ထဆင်ထူးကို
ထောင်၍ ကြည့်က ဝိ ဖြစ်ပြန်သည်။ ဝနှစ်လုံးပူး ၍ လှဲ နေက ထ။ မတ်တပ် ထ နေက *ဝိ* ဖြစ်တော့သည်။* ဝ *မရှိပဲ *ဝိ *မလုပ်နှင့် ဟု ဆိုကြပါသည်။
ကောင်းကင်က လ ကိုကြည့်လျှက် *ဝ* အက္ခရာအကြောင်းစဉ်းစားမိသည်။ *ဝ* အကြောင်းကုန်စင်အောင် သိနိုင်ရန် လုံးဝမဖြစ်နိုင်ပါချေ။
*ဝ *ဗျည်းနက်ကျယ် သုညငယ်ကို အလွယ်မမှတ် ဆင်ခြင်တတ်လျင် ဉာဏ်မြတ်ပိုင်းခြား ဘုရားအတူ ကျွန်းဇဗ္ဗူတွင် ရှင်လူအံ့သြ လွန်ကျော်ဇောလိမ့်*ဟူ၍ မှတ်သားဖူးသည်။
ဝ အက္ခရာကို
ကုန်စင်အောင်သိသော် ဘုရား အဖြစ်ကို ရသည် ဟု ဆိုကြသည် ကိုလည်းကြားဖူးသည်။
စာတလုံး ဘုရားတဆူ ဟု ဆိုထားသော စကားသည်လည်း အထင်အရှား ရှိလေသည်။ သို့ဆိုလျှင်
ဘုရားဖြစ်မှသာ* ဝ *အက္ခရာ အကြောင်း ကုန်စင်အောင် သိနိုင်မည် ဖြစ်သည်ဟု ဆိုခြင်းပေလော။
သို့တည်းမဟုတ် စာတလုံး ဘုရားတဆူ ဟူသော အနက် သည် တခြား အနက်အဓိပ္ပါယ် မည်သို့ ဖွင့်လျှင် သင့်တော်ပါမည်နည်း။ ပညာရှင်တို့ ဆွေးနွေးကြပါကုန်။
ကောင်းကင်သို့ မော်ကြည့်လျှင်
လ ၏ ဝိုင်းစက် လှပမူကို မြင်နိုင်သည်။ ဝိုင်းသည်ကား ပြည့်ဝသည့်သဘောပင်တည်း။
ပညာပြည့်ဝလျှင် နှလုံးပါလှတတ်လေသည်။
မြင်ရသော လ သည် ဝ အက္ခရာ ဖြစ်နေလေသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် လ သည် ဝိုင်းစက်ညီညာသည်။ အဝန်း အဝိုင်းဟူသည် ကြီးမားကျယ်ပြန့်သော သဘော ဖြစ်သည်။
သူ့သည် အသိုင်းအဝိုင်း အလွန်ကြီးမားသူဖြစ်သည် ဟု လောကတွင် သုံးစွဲကြလေသည်။
အသိုင်းအဝိုင်းဟူသည်ကား အဝန်း အဝိုင်းဖြစ်ပါသည်။
ဝ ၏ တခြားသောဂုဏ်တခုကား လည်ပတ်ခြင်းဖြစ်၏။ အလျှင်အမြန်ရွေ့ရှားစေတတ်သော မော်တော် ကားသည် ဝ အက္ခရာသဏ္ဍန်ရှိသည့် ဘီးတတ်ယာဉ်ဖြစ်သည်။
်
ဝ အက္ခ ရာသည် ဆန်းကျယ်လှပါသည်။ ပြည့်ဝခြင်း။ အစာဝခြင်း။လည်ပတ်ခြင်း။ ရွေ့ရှားစေခြင်း အဓိပ္ပါယ်မျှ မကသေး။ သံသရာ ၏ သဘောဖြစ်သော အဖန်ဖန် မွေးခြင်း အဖန်ဖန်သေခြင်းသဘောတရား သည်လည်း ဆင်ခြင်ကြည့်ပါက မြင်နိုင်လေသည်။
သံသရာဟူသည်ကား The circle of death and reborn ပင် ဖြစ်သည်မဟုတ်ပါလား။ မွေးဖွားခြင်းနှင့်သေခြင်းတို့ အကြား တစပ်တည်းဖြစ်နေသည် အနန္တရ ပစ္စည်းပင်။
o လုံး ဟု အမည်ခေါ်ငြား သုည နာမည်ဖြင့်လည်း လူသိများသည်။ သုံညသည် သူချည်း တန်ဖိုးမရှိပါငြား သူနှင့် တွဲသောကိန်းကို တန်ဖိုးမြှင့် ပေးနိုင်သည်။
ယခုလသည် ကထိန်ခင်းသောလ ဖြစ်သည်။ ကထိန်သင်္ကန်း တွင် နောက်ဆုံးလုပ်ရသည့် အချက်မှာ ဝ အက္ခရာ ရေးထိုးခြင်းဖြစ်သည်။ ဗိန္ဒူ ရေးထိုးသည်ဟု ဆိုကြသည်။ဗိန္ဒု ကို ကမ္ဘာ အက္ခရာဟုလည်း ဆိုကြသည်။
စကြာင်္ဝဠာ ထဲ တွင် အကောင်းဆုံးတရားသည်ရှိ၏။ ထိုထက် ကောင်းသော သာလွန်သော တရား ကို ဖော်ထုတ်နိုင်ခြင်း မရှိ သေးလျှင် ထိုတရားသည် အကောင်းဆုံးသော တရားပင်ဖြစ်သတည်း။
ထိုထက်သာလွန်သောတရား ရှိငြား သိရန်ပင် မလွယ်ကူပါချေ။ အကြောင်းမှာ ဘုရား ရှင်အဆူဆူ ဖော်ထုတ်ခဲ့သည့် သုညတ ၏သဘော အမှတ် လက္ခဏာ ဝတည်းဟူသော ဝလုံးလေးတလုံး၏ အဓိပ္ပါယ်ကို ပင် အလုံးစုံ မသိနိင်ပါချေ။
ဝ ကို မသိက ဝိ လုပ်ရန် ခက်ခဲပေစွ။
စာတလုံး ဘုရားတဆူ ဟု ဆိုမိန့် ခဲ့ကြသည် မဟုတ်ပါလား။ *ဝ*အက္ခရာ တလုံးကိုပင် အလုံးစုံ သိရန် အလွန်ခက်ခဲသည် ဆိုပါလျှင် ဘုရားရှင်တို့ဟောကြားခဲ့သည် ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ကိုသိရန် လွယ်ကူမည်မဟုတ်ပါချေ။
သုည(ကိုနိုင်း)
7:11AM
Nov15,2016

Monday, November 16, 2020
Thursday, October 29, 2020
Subscribe to:
Posts (Atom)