Popular Posts
Showing posts with label စကားပြေဟန်. Show all posts
Showing posts with label စကားပြေဟန်. Show all posts
Thursday, November 30, 2017
မိအေးရဲ့
မိအေးဗျူ ဟာ
*********
"သေနင်္ဂဗျူ ဟာ စစ်၏ အင်္ဂါ စစ်ချီ စစ်တက် စစ်ထိုးစစ်ခံ  -     -  -      -
ကိုယ်ခံ လက်ဖွဲ့ တကဲ့ ယောင်္ကျား။"
သီချင်းသံက သာသာယာယာ။
*           *               *
ရေဒီယိုက လာသည့်သီချင်းသံက အိပ်ပျော်နေသော လွမ်းမောင်ကိုလှုပ်နိုး လိုက်သည်။ သီချင်းက ဆူညံ၍ မဟုတ်ပါပဲ နှိုးလာသည့်အကြောင်းရင်းကားရှိပေသည်။
*            *            *               *
အိပ်မက်ထဲတွင် အလွန်ကြောက်စရာ့ကောင်း လှပါသည်။ ဝိုင်း၍ လိုက်လာသော တောခွေးတစုသည် မာန်ဖီကာ နောက်မှလိုက်လာလေသည်။အသားစား ကျူးးသော ဘီလူးသဘက် များကလည်း ရှေ့ကတားဆီးနေပြန်သည်။တောခွေးများ လက်မှလွတ်ခါနီးဖြစ်သည်။
ဆက်၍ မပြေးနိုင်တော့ ။ နောက်အန္တရာယ် မှလွတ်မည် ဆိုသော်လည်း
 ရှေ့က မလွတ်နိုင်။သေရမည်ကအမှန်။ အားကိုးမရှိ။
အမောဆို့နေသည်။ အသက်ရူသံပင်မမှန်။
မထူးတော့။ ပြေးရာက ရပ်လိုက်သည်။
အရဟံ ရွတ်၍ အသေခံတော့မည်။ မိအေးနည်းဖြင့် ကျယ်ကျယ်ရွတ်သည်။
*                   *                   *
အရဟံ ကို အသံ ကျယ်ကျယ်ရွတ်မိသည်။ မျက်စေ့ကို မှိတ်လိုက်သည်။ ဖြစ်ချင်ရာ ဖြစ်ပါစေ။ ဂုဏ်တော်ရွတ်လျက် အသက်အသေခံမည်။  ကြောက့်စရာ
အသံတို့ဝေးရာမှ တစတစ တိတ်သွားသည်။
ကိုယ့်၏အသံပိုကျယ်၍ လားမဆိုနိုင် သူ့တို့ အသံကို မကြားနိုင်တော့။
 သီချင်းသံကိုကြားရသည်။
မျက်လုံးဖွင့်ကြည်မိသည်။ အိပ်မက်မက်နေသည်။  သေနင်္ဂဗျူ ဟာ သီချင်းသံ
**          *               *
 အိပ်မက်ထဲတွင်ပြေးလွှားရုန်းကန်ခဲ့၍ အပြင်တွင်လည်းချွေး များသည် ရေချိုး သကဲ့သို့။ 
အသံကျယ်ကျယ်နှင့် အရဟံဂုဏ်တော်ကို ကြောက်ကြောက်နှင့်ရွတ်ဆိုခဲ့ခြင်းကြောင့် အခက်အခဲကလွတ်တော့သည်။
လက်တွေ့ဘဝတွင်လည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။ လွမ်းမောင်သည်မည်သည့် စစ်ဗျူဟာမျှ မသင်ဖူးပါ။ သေနင်္ဂဗျူ ဟာလဲမသိပါ။ တတ်လဲမတတ်ပါချေ။
အသံကျယ်ကျယ်နှင့်အော်တတ်သော မိအေးဗျူ ဟာ ကိုသာကျင့်သုံးမိသည်။
မိအေးဆိုသည်ကား တခြားမဟုတ်ပါချေ။ ဂဏန်းညှပ်သည်ကို လူမသိ မိအေးအော်သည်ကိုသာ လူသိသည်ဟူ သော မြန်မာ့တို့၏ ရှေး စကားထဲမှ မိအေးပင်ဖြစ်ပါသည်။ စကားပုံလဲ ဟုတ်ဟန်မတူ။ မိအေး ဘယ်ကလာသနည်း။ မသိပါချေ။
အဆိုပါ မိအေးသည် ဆွေကြီး မျိုးကြီး လဲကလည်း ဟုတ်ဟန်မတူပါ။
မိအေးသည် မယဉ်ကျေးပါ။ မိအေးသည် အင်အားမရှိပါ။ မိအေးသည် သာမာန် လူသားသာဖြစ်ပါသည်။ ရန်သူကို  တုန့်ပြန်နိုင်စွမ်း မိအေးတွင်မရှိပါ။  မိအေးတွင် ရာထူးအာဏာမရှိပါ။ အသိုင်းအဝန်း မိအေးတွင်မရှိပါ။ မိအေးသည် နည်းဗျူ ဟာ မဟာဗျူ ဟာ မရှိပါပဲ လူ့အသိုင်းအဝန်းအတွင်း ရှင်သန်အောင် နေထိုင်ရပါသည်။ မိအေးဘယ်လိုနေထိုင်ရပ်တည်ပါသနည်း။
မိအေးသည် သည် သေစာရှင်စာ ဖတ်တတ်ရုံ ဖြစ်ငြား ရပ်တည်နေထိုင်သည့် နည်းလမ်းရှိသည်သာ။
ထိုကြောင့်
 မိအေးသည် သူ့ကို  ဂဏန်း ညှပ်လေတိုင်းအော်တတ်သော သူတဦးသာ  ဖြစ်ပါတော့သည်။ မသမာသူက ဖန်တီး၍  ညှပ်ထားသောဂဏန်းအား အမြင်အတော်သူက  ဝင်ရောက်ဖြုတ်ပေးပါက မိအေးလဲ သက်သာခွင့်ရတော့သည်။
ထိုနည်းတူ လွမ်းမောင်သည်လည်း
မိအေးကသင်ကြား ပေးသောနည်းဖြင့် သာ အိပ်မက်မှာပင် ရှင်သန်အောင် ရပ်တည်နေရပါသည်ဆိုလျှင်  *  *   *
ကိုနိုင်း
April 8, 2017
7:02 pm
Wednesday, March 8, 2017
ကောင်းပါသည်
ရေးလိုသည် သို့သော်
**************
ရေစရာများစွာရှိသည်။ ရေးလေလေမှားလေလေဖြစ်တတ်သည်က အသေအချာ။ ထိုကြောင့်မရေးလိုတော့။
 ဓမ္မ ဓိဌာန် ကျကျ ဆွေးနွေးချင်သည်။ သို့သော် ပုဂ္ဂ လဓိဌာန် ကိုဥပမာပေးရလိမ့်မည်။ သိုဖြစ်ခြင်းကြောင့် ဓမ္မ ဓိဌာန် သည် ရုပ်လုံး မပေါ်လွင်နိုင်တော့။
ထိရောက်မည် ထင်သည့် သည်စကားမှာ မထိရောက်နိုင်တော့ပေ။ အချည်းနှီးသာဖြစ်သည်။
အာဏာရှင်စံနစ်တွင် ဖမ်းဆီးအနှိပ်စက်ခံရ သူသည် အာဏာရှင်ကိုမုန်းတီးမည်။ တိုက်ခိုက်မည်။တော်လှန်မည်။ခံစားချက်ကြောင့် ဖြစ်လာသော ခံယူချက်ဖြစ်၏။ လက်စားချေလိုသော သဘော ဟုတ်ချင်မှ ဟုတ်ပေမည်။ ခံစားချက်တည်းဟူသော အကြောင်းကြောင့်သာခံယူချက်များ ပြောင်းလဲလေသည်။ အာဏာရှင်ကို တဦးတည်းတော်လှန်၍ ကား မဖြစ်နိုင်။ အသင်းအဖွဲ့လိုသည်။ အဖွဲ့အစည်းလိုသည်။ အင်အားမရှိလျှင် မဖြစ်နိုင်။အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဝံ့သည် စွမ်းဆောင်ရည်မြင့်သော လူ့ အသိုင်းအဝိုင်းသည် လိုအပ်လေသည်။ အဖွဲ့အစည်းဖြစ်လျှင် လွယ်ကူသည်။
ထိုအတူ တရားဥပဒေ စိုးမိုးခြင်းမရှိ ၍ လူတို့သည် လူအချင်းချင်းလူဝါးဝကြသည်။
ခံရသူအတွက် ခံစားချက်ဖြစ်မည်။ ဥပဒေစိုးမိုးအောင်ကြိုးစားမည်။ ဤသည်ကား သဘာဝတရားသာဖြစ်သည်။ 
ပုဂ္ဂလဓိဌာန် ခံစားချက်ကားမှန်၏။ မိမိတို့နှင့်မပတ်သက်ဟု အများစုမှာထင်မှတ်ကြလေသည်။အမှန်ဆိုသော် တရားဥပဒေစိုးမိုးရန် လူတိုင်းတွင်တာဝန်ရှိလေသည်။ 
မတရား အမိန့်ချတတ်သော တရားသူကြီးကို ရှေ့နေများကို ဥပဒေ အရာရှိများကို တရားရေးဝန်ထမ်းများနှင့် ရဲများကို  စောင့်ကြည့် ထိန်းကြောင်းရန် အဖွဲ့အစည်းလိုသည်။ ထိန်းကျောင်း သူ ရှိလျှင် ကိုယ်ရှိန်သတ်နိုင်သည်။  ထိန်းကျောင်းသော အဖွဲ့အစည်းရှိက  ထင်ရာ မလုပ်ဝံ့တော့ပေ။
စွမ်းဆောင်ရည်မြင့်သော လူ့အသိုင်းအဝန်းသည်  အမှန်လိုပါသည်။ တဦးချင်းစွမ်းဆောင်ရည်မြင့်အောင်ကြိုးစား၍  အဖွဲ့လိုက်စွမ်းဆောင် ရည်မြင့်အောင် ဆောင်ရွက်နိုင်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းမျာတွင် ပါဝင်နိုင်ကြပါစေဟု ဆန္ဒပြု လျှက် အားလုံးကောင်းပါသည် ခင်ဗျာ ဟုသာ ရေးသားလိုက်ရပါတော့သတည်း။
ကိုအောင်ဟိန်း
Feb 21, 2017
11:25 AM
Friday, February 17, 2017
လွမ်း
လွမ်းလိုက်တာ
***********
* ​မောင့်ငယ်ကျွမ်း *
ဥဩတွန်​ ကျူး....
ရာသီ တန်ခူး
နွေဦး ရောက်ပြီ မေ။
မယ့်ဆီ အလွမ်း.....
ရင်ဝယ်တမ်း
ငယ်ကျွမ်း ချစ်​ဦးရေ။    ။
ကိုနိုင်း
*       *       *        *
နွေရောက်ပြီ။
 ဥသြသံ လေးက လွမ်းစရာ ဖြစ်ပါသည်။
ညို သွေး၏ ဟောင်သံ ကလည်းလွမ်းစရာ လူမြင်ရင်ဟောင်သည်။ လိုက်ကိုက်ပါက လွမ်းချိန်မရပဲ  ဂွမ်းသွားနိုင်သည်။
အတူနေခွင့် မရသည့် ဥသြငှက်၏ အသံကို နားထောင်၍ လွမ်းစရာဖြစ်နေ သည်ကို ညိုသွေးအားအသိမပေးရဲပါ။ညို သွေး သိသော် ကြေးတမ်း တိုက်မည်ထင်မိသည်။ သူ့ ဟောင်သံက ပို၍ လွမ်းစရာကောင်းသည်ဟု ဆိုပါလိမ့်မည်။
 သည်ကြားထဲ ရေမလာ၍ လွမ်းရ ပြန်သည်။
ကိုယ်တိုင်ပြင်တတ်ပါသော်လည်း စည်ပင်သာယာ ကို ခွင်ကျော်သည့်အမူ တက် မှာစိုး၍ လွမ်းလျှက်ပင် လွမ်းလွမ်းနှင့်ပိုက်ပြင်ရန် သွာခေါ်ရသည်။
ခဏတာ အလွမ်းပြေ ရန် ရေကို မော်တာဖြင့် မောင်း၍ တင် ပြပါသည်။  ခိုင်းသလိုမလုပ်ပါ။ လုပ်ချင်ရာ လုပ်ကြပါသည်။ လွမ်းရတော့မည်ကြိုသိပါ သည်။
ခဏတာတော့ အဆင်ပြေသည် အိုကေပါ သည်။ နောက်ရက်များမတော့ မကောင်းတော့။ ထိုကြောင့် ကုန်သောငွေအတွက် လွမ်းရပြန်သည်။
လွမ်းလို့ပင်မဆုံး။
လွမ်းတေးများကမဆုံးတော့။ တယောက်သော သူနှင့် လွမ်းတေးကို ဆုံးအောင် သီဆိုခြင်းမပြု နိုင်၍ အလွမ်းဇတ် ရှည် ရန်နောက်တယောက်ရှာရပြန်သည်။ ရေမရ တော့ ရေပေါပေါ သုံးခဲ့ရသည့် အဖြစ်ကိုလွမ်းမိသည်။
ရေ ချို သည် အဖိုးတန်လှသည်။ ရေ ချို မရှိသော နိုင်ငံများအတွက် ရေသည် အလွမ်းဇတ် ကို နာအောင်ပြု နိုင်သည်။
နွေဦးအစမှာပင် ရေချို ခက်ခဲနေသည့် ဒလမြို့ အကြောင်းကို သတင်းစာမှာဖတ်ရသည်။လွမ်းစရာ ကောင်းလေစွ။
ရေချို သောက်ရန် မြစ်ချောင်းကန်ဖြင့် သီးနှံ ချို ပြား များလည်းများ၏။ များပါလေလဲ တမွဲ မွဲ ဖြစ်နေသော ပြည်သူ လူထုကို ကြည့် ရင်း ဘယ်လွမ်းရမည်မသိလွမ်းပါသည်။
 ပြည်သူသည် ရေချို ၏ တန်ဖိုးကို မသိပါ။ ရပ်ကွက်တိုင်း တွင် ရေနစ်နေကြသည်။စည်းကမ်းမဲ့မူကြောင့် နွေလယ် ခေါင်ခေါင်တွင် ရေချို အနှံအပြား ဆုံးရှုံး နေရပါသည်။ရေချို ပေါများသလောက်
ပြည်သူအများစုမှာ
 သုံးစရာ ရေချို များ မရှိသည့်အတွက်လွမ်းစရာကောင်းလှ ပါသည်တမုံ့ ။
ကိုနိုင်း