Popular Posts

Wednesday, March 8, 2017

ကောင်းပါသည်

ရေးလိုသည် သို့သော်
**************
ရေစရာများစွာရှိသည်။ ရေးလေလေမှားလေလေဖြစ်တတ်သည်က အသေအချာ။ ထိုကြောင့်မရေးလိုတော့။

 ဓမ္မ ဓိဌာန် ကျကျ ဆွေးနွေးချင်သည်။ သို့သော် ပုဂ္ဂ လဓိဌာန် ကိုဥပမာပေးရလိမ့်မည်။ သိုဖြစ်ခြင်းကြောင့် ဓမ္မ ဓိဌာန် သည် ရုပ်လုံး မပေါ်လွင်နိုင်တော့။
ထိရောက်မည် ထင်သည့် သည်စကားမှာ မထိရောက်နိုင်တော့ပေ။ အချည်းနှီးသာဖြစ်သည်။

အာဏာရှင်စံနစ်တွင် ဖမ်းဆီးအနှိပ်စက်ခံရ သူသည် အာဏာရှင်ကိုမုန်းတီးမည်။ တိုက်ခိုက်မည်။တော်လှန်မည်။ခံစားချက်ကြောင့် ဖြစ်လာသော ခံယူချက်ဖြစ်၏။ လက်စားချေလိုသော သဘော ဟုတ်ချင်မှ ဟုတ်ပေမည်။ ခံစားချက်တည်းဟူသော အကြောင်းကြောင့်သာခံယူချက်များ ပြောင်းလဲလေသည်။ အာဏာရှင်ကို တဦးတည်းတော်လှန်၍ ကား မဖြစ်နိုင်။ အသင်းအဖွဲ့လိုသည်။ အဖွဲ့အစည်းလိုသည်။ အင်အားမရှိလျှင် မဖြစ်နိုင်။အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဝံ့သည် စွမ်းဆောင်ရည်မြင့်သော လူ့ အသိုင်းအဝိုင်းသည် လိုအပ်လေသည်။ အဖွဲ့အစည်းဖြစ်လျှင် လွယ်ကူသည်။

ထိုအတူ တရားဥပဒေ စိုးမိုးခြင်းမရှိ ၍ လူတို့သည် လူအချင်းချင်းလူဝါးဝကြသည်။
ခံရသူအတွက် ခံစားချက်ဖြစ်မည်။ ဥပဒေစိုးမိုးအောင်ကြိုးစားမည်။ ဤသည်ကား သဘာဝတရားသာဖြစ်သည်။ 
ပုဂ္ဂလဓိဌာန် ခံစားချက်ကားမှန်၏။ မိမိတို့နှင့်မပတ်သက်ဟု အများစုမှာထင်မှတ်ကြလေသည်။အမှန်ဆိုသော် တရားဥပဒေစိုးမိုးရန် လူတိုင်းတွင်တာဝန်ရှိလေသည်။ 
မတရား အမိန့်ချတတ်သော တရားသူကြီးကို ရှေ့နေများကို ဥပဒေ အရာရှိများကို တရားရေးဝန်ထမ်းများနှင့် ရဲများကို  စောင့်ကြည့် ထိန်းကြောင်းရန် အဖွဲ့အစည်းလိုသည်။ ထိန်းကျောင်း သူ ရှိလျှင် ကိုယ်ရှိန်သတ်နိုင်သည်။  ထိန်းကျောင်းသော အဖွဲ့အစည်းရှိက  ထင်ရာ မလုပ်ဝံ့တော့ပေ။

စွမ်းဆောင်ရည်မြင့်သော လူ့အသိုင်းအဝန်းသည်  အမှန်လိုပါသည်။ တဦးချင်းစွမ်းဆောင်ရည်မြင့်အောင်ကြိုးစား၍  အဖွဲ့လိုက်စွမ်းဆောင် ရည်မြင့်အောင် ဆောင်ရွက်နိုင်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းမျာတွင် ပါဝင်နိုင်ကြပါစေဟု ဆန္ဒပြု လျှက် အားလုံးကောင်းပါသည် ခင်ဗျာ ဟုသာ ရေးသားလိုက်ရပါတော့သတည်း။

ကိုအောင်ဟိန်း
Feb 21, 2017
11:25 AM

No comments:

Post a Comment