ပြောရဦးမယ်။ ပြောရရင်တော့ အမြင်ကတ်စရာ ပဲဗျ ။ တတ်နိုင်ပါဖူးလေ အဖြစ်မှန်ကို ရေးတာပဲ ။ အမုန်းစိတ်နဲ့ ကြည့် မုဒီတာ မပွားနိုင် သူ အတွက် တော့ ဘာရေးရေး အပြစ်မြင်နေမှာပဲ။ ငတ်တဲ့ အကြောင်းပဲ ရေးရေး စားရတဲ့ အကြောင်းပဲရေးရေး ဆင်းရဲ တာပဲရေးရေး ချမ်းသာတာပဲရေးရေး
ကံကောင်းတာပဲရေးရေး ကံမကောင်းတာပဲရေးရေး မုဒိတာ ရှိမှ ဖတ်လို့ ကောင်းမှာ။ ဣဿာ မစ္ဆ ရိယ နဲ့ မြင်နေလို့ကတော့ အစဉ်ပြေလောက်မယ် မထင်ဖူး။ အင်း ငယ်ငယ်တုံးကပေါ့ ဗျာ ကျု ပ်ငတ်တာ ပြောပြီးပါပကော။ ကျု ပ်က ဟင်းမကောင်းရင် ဘယ် စိတ်ကောင်းလိမ့်မလဲ ဘာရ မလဲ လူဆိုတာ အကြံ နဲ့ ဗျ ။ ဘုန်းကြီးကျောင်းမှာ သွားတွယ်တာပေါ့ ဗျာ ။ အလကားတော့ ဘယ် ရ ပါ့ မလဲ။ လျို့  ဝှက်ချက်တော့ ရှိသပေါ့လေ။ နောက်ကြုံ မှ ဘုန်းကြီးကျောင်းမှာ စားနည်းသောက်နည်း နိဿ ရည်း လေး သင်ပေးရ ဦးမယ်။ အလွယ်လေးပါ။ အရှက် မရှိ ရင် ဖြစ်ပါတယ်။ အခုတောင် ဘုန်းကြီးကျောင်း တကျောင်းက ခေါ်နေတယ်။ မသွားဖြစ်သေးလို့ဗျို့ ။
No comments:
Post a Comment