Popular Posts

Friday, June 24, 2016

ဗမာ့ ရူခင်း

လောကဇတ်ခုံ
**************
သေချာပါသည် မြန်မာပြည်မှာ နောက်ခံ ရူခင်း
အခင်းအကျင်းက မကောင်း နောက်ကြောင်းက မခိုင်မာ ယိုင်လာတာက စီးပွားရေး မနှေးမမြန်ကုစားရမှာက စာရိတ္တ  ဂွကျတာ က ဝါးတားတားနိုင်ငံရေး မှေးစားနေသူတွေက
လွှတ်တော်အမတ်
ပြတ်လပ်နေသူက ပြည်သူ
တမူကွဲ နေတာက ဗိုလ်ချုပ်တွေ ရှုတ်နေသူက ခရိုနီ အမြင်မကြည်သူက တိုင်းရင်းသား အချင်များ နေသူများက လမ်းဘေးဈေးသည်
အပြေးသယ်သူများက တရုပ်ကြီး
မပျက်စီးသေးတာ အာဏာရှင် ဘုရင်စံနစ် အသက်သွင်းသူက ဖိုးတခေတ် အမြစ်တွယ်နေတာ အကြောက်တရား
ဖောက်ပြားတာက လဝက တရားချလို့ မရ တာ  မဟန
အစကပြန်စချင်သူက ဦးသိန်းစိန် မှေးမှိန်နေတာက သူတော်ကောင်းတရား
လေးစားစရာကောင်းသူက ကျော်သူ
အူတူတူ က ငါးမင်းဆွေ
မပြေလည်တာ ငြိမ်းချမ်းရေး မအေးတာ ပြည်တွင်းစစ်
အသစ်တက်လာမှာက NLD မကြည်သူက ကြံဖွတ်
ဇွတ်တရွတ် မဆင်းပေး သူတွေက တမတ်သား
ဈေကစားတာဒေါ်လာ လော်မာနေတာ ရွှေမန်း
ဘေးရမ်းတာ က ဆန္ဒပြသူတွေ မရေမရာဖြေသူက ရဲထွဋ် ဘလွတ်ရွတ်တတ် ပြောသူက ဘူးလက်
အပိုင်ကွက်နင်းသူက ဘင်္ဂါလီ
မသဒီစရာ ကောင်းတာက တရုပ်ကြောက် အောင်မင်း အတင်းအဖျဉ်းပြောတာက မြန်မာ့ရုပ်သံ
မဟုတ်မမှန်သူ့ ကပြည်သူ့ ရဲ  အပြန်အလှန်ဆဲသူ က လော်ဘီ
တော်ကီပွားတာက ပွဲစား ဆွဲစားခံနေရတာက လယ်ယာမြေ မပြေလည်သေးတာ လက်ပန်းတောင်းတောင်
အချောင် ခံရတာ ရခိုင်သားနှစ်ယောက်
အပေါက် မလုံတာ အနောက်ရိုးမ  ခယနေရ သူက ကျောင်းသား
တောင်းစားနေသူတွေက ဝန်ထမ်း ဗရမ်းပတာ ပြောသူတွေက ဝန်ကြီး ပျက်စီးတာက သဘာဝဝန်းကျင်။

ကိုအောင်ဟိန်း
Dec 30, 2015
8:35

No comments:

Post a Comment