Popular Posts
-
wai lin aung: wai lin aung: လွန် : wai lin aung: လွန် : လွန် **** #အားနာ လွန်သွား တဖက်သား အခွင့်ရေးသမား ဖြစ်သွားတယ်။ #ကိုယ်လဲ ရှုံးကာ ...
-
ပြည်သူ ကိုယ်တိုင်ပြောင်းမှ ရွေ့ ************** ဘယ်သူ သမ္မတ ဖြစ်မည်ကို စောင့်ကြည့် နေမိသည် ကိုလည်း ဝန်ခံပါ၏။ မည်သူတက်သည် ဖြစ်စေ ထူးထူြး...
-
တန်းမတူ ***** ညို သွေးသည် အလွန်လိမ္မာပါသည်။ အိမ်ကိုရောက်လာသည်က လဲ အဆန်း။ ညိုသွေးရောက်လာပုံကို ပြောပြပါဦးမည်။ ညိုသွေးသည် တကောင်ကြွက် ဖြစ်...
-
ခွင့်လွှတ် ****** သတိယွင်း ငြား ရေးမိမှား က အကျွန့် တောင်းပန် ဦးထိပ်ပန် အဟံ ဝန္တာမိ ပါ ဆရာ။ ကိုနိုင်း 9/7/2017 8:10 pm
-
သည်ချိန်မှာ ****** လေပြေ ဆော်သွေး အေးရင် ကတုံ သဉ္စာ ဘုံဝယ် ထွေးခြုံ ရအောင်။ ကိုနိုင်း 10:08AM Jan 17,2017 The fresh soft breeze is s...
-
ဝမ်းတလုံးကောင်း ************ ဝမ်းချုပ်လျှင် ဘယ်လို လုပ်သင့်ပါသနည်း။ ဝမ်းချုပ်သည် အကြောင်းကို တနေရာတွင်မေးမြန်းထားသည်ကို တွေ့လိုက်ရသည်။ ...
-
o အက္ခရာ အဖွင့် ဋီကာ ***************** ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။ တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သေ...
-
လွတ်မြောက်နယ်မြေ ********-****** လူဟူသည် လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီးနိုင်ခွင့်...
-
wai lin aung: လူ နတ် ဘီလူး : လူ နတ် ဘီလူး ************** ငယ်စဉ်အခါက မိခင် ဖခင် င်္မွေးဖွားရာ တောရွာလေးများသို့ မကြာမကြာ ရောက်တတ်သည်။ယခုလိုရ...
-
မိအေးဗျူ ဟာ ********* "သေနင်္ဂဗျူ ဟာ စစ်၏ အင်္ဂါ စစ်ချီ စစ်တက် စစ်ထိုးစစ်ခံ - - - - ကိုယ်ခံ လက်ဖွဲ့ တကဲ့ ယောင်္ကျား။" သီ...
Wednesday, February 10, 2021
Tuesday, November 24, 2020
yamaka
Preaching the benefit of Yamaka Desanā, as already stated above is that students of
Abhidhamma and insight meditators will have clear knowledge of the characteristics of the
Anicca, Dukkha, Anatta of Paramattha Dhamma, free from doubt and confusion as if they
had seen the full-moon shining bright in the middle of the cloudless sky. It means that those
who are well versed with the Yamaka preaching methods will improve their knowledge of
Abhidhamma as well as the Vipassanā Ñāņa (insight knowledge) or Yathabutañāņa. For this
benefit the All Enlightened Buddha
Monday, November 23, 2020
Ooo
jmbb gjk gjiThe Abhidhamma Piṭaka is the last of the three piṭakas, constituting the Pali Canon, the scriptures of Theravāda Buddhism. It presents a more formal, abstract, systematic form of teaching than the others.
The Abhidhamma Piṭaka consists of seven books.
1. Dhammasaṅgaṇī (Classification of Dhamma)
2. Vibhaṅga (Analysis or Division)
3. Dhātukathā (Discussion of Elements)
4. Puggalapaññatti (Descriptions of Individuals)
5. Kathāvatthu (Points of Controversy)
6. Yamaka (The Book of Pair)
7. Paṭṭhāna (The Book of Causal Relation)
Among the seven books, here we only discuss about the 6th book, which is Yamaka.
This book consists of ten chapters, each dealing with a different topic; for example, the first deals with roots. A typical chapter (there are a number of divergences from this pattern) is in three parts.
The first part deals with questions of identity: "Is good root root?" "But is root good root?" The entire Yamaka consists of such pairs of converse questions, with their answers. Hence its name, which means pairs.
The second part deals with arising: "For someone for whom the form aggregate arises, does the feeling aggregate arise?"
The third part deals with understanding: "Does someone who understands the eye base understand the ear base?"
So, what are the ten chapters?
They are:
1. Mūla (Roots),
2. Khandha (Aggregates),
3. Āyatana (Bases),
4. Dhātu (Elements),
5. Sacca (Truths),
6. Saṅkhāra (Conditioned Things),
7. Anusaya (Latent Dispositions),
8. Citta (Consciousness),
9. Dhamma,
10. Indriya (Controlling Faculties).
Now, let us go to the second chapter – Khandha Yamaka, Pairs On Aggregates
ooo
o အက္ခရာ အဖွင့် ဋီကာ
*****************
ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။
တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သင်္ကေတဖြစ်သည်။ အနိုင်ကျင့်ဖူးပါက ပြန်လည် အနိုင်ခံရ မည်မှာဓမ္မတာ။
သူတပါးအား စိတ်ညိုးနွမ်းစေက အလားတူ ပြန်ခံရမည်မှာ အသေအချာဖြစ်သည်။
ဝဋ် သည် ဝ ဖြင့်ရေးရသည်။ ပြု ခဲ့ ဖူးသော ကံဆိုးကို ပြန်ခံရလျှင် ဝဋ် မကင်းဟု ဆိုကြသည်။ ကိလေသဝဋ် ကံမ္မဝဋ် ဝိပါက ဝဋ် ဟု ဝဋ်သုံးပါးရှိလေသည်။ ဝဋ် မကြောက်သူများ သံသရာတွင် လည်စင်းခံရမည် ဘေးကား ကြောက်စရာ။
ထဆင်ထူးသည် ဝ နှစ်လုံးကို ပူးထား၍ ထ ဆင်ထူး ဖြစ်လာသည်။ ထူး လည်းထူးပါသည်။ ဗျည်း ၃၃လုံး ၏ အလယ်တွင် တည်ရှိသည်။
ရှေ့က ရေတွက်သော် ၁၆ လုံးမြောက် နောက်က ရေတွက်သော် ၁၆လုံးမြောက်သည်
ထ ဆင်ထူးဖြစ်၏။ ဆင်ကို ထူဖြင့်ခတ်၍ ချုပ်နှောင်သည်။
ဆင်ခတ်သည့်ထူး သည် *ထ*
သဏ္ဍာန်။ ထို့ကြောင့် ထဆင်ထူးဟု ခေါ်သည်
ထဆင်ထူးကို
ထောင်၍ ကြည့်က ဝိ ဖြစ်ပြန်သည်။ ဝနှစ်လုံးပူး ၍ လှဲ နေက ထ။ မတ်တပ် ထ နေက *ဝိ* ဖြစ်တော့သည်။* ဝ *မရှိပဲ *ဝိ *မလုပ်နှင့် ဟု ဆိုကြပါသည်။
ကောင်းကင်က လ ကိုကြည့်လျှက် *ဝ* အက္ခရာအကြောင်းစဉ်းစားမိသည်။ *ဝ* အကြောင်းကုန်စင်အောင် သိနိုင်ရန် လုံးဝမဖြစ်နိုင်ပါချေ။
*ဝ *ဗျည်းနက်ကျယ် သုညငယ်ကို အလွယ်မမှတ် ဆင်ခြင်တတ်လျင် ဉာဏ်မြတ်ပိုင်းခြား ဘုရားအတူ ကျွန်းဇဗ္ဗူတွင် ရှင်လူအံ့သြ လွန်ကျော်ဇောလိမ့်*ဟူ၍ မှတ်သားဖူးသည်။
ဝ အက္ခရာကို
ကုန်စင်အောင်သိသော် ဘုရား အဖြစ်ကို ရသည် ဟု ဆိုကြသည် ကိုလည်းကြားဖူးသည်။
စာတလုံး ဘုရားတဆူ ဟု ဆိုထားသော စကားသည်လည်း အထင်အရှား ရှိလေသည်။ သို့ဆိုလျှင်
ဘုရားဖြစ်မှသာ* ဝ *အက္ခရာ အကြောင်း ကုန်စင်အောင် သိနိုင်မည် ဖြစ်သည်ဟု ဆိုခြင်းပေလော။
သို့တည်းမဟုတ် စာတလုံး ဘုရားတဆူ ဟူသော အနက် သည် တခြား အနက်အဓိပ္ပါယ် မည်သို့ ဖွင့်လျှင် သင့်တော်ပါမည်နည်း။ ပညာရှင်တို့ ဆွေးနွေးကြပါကုန်။
ကောင်းကင်သို့ မော်ကြည့်လျှင်
လ ၏ ဝိုင်းစက် လှပမူကို မြင်နိုင်သည်။ ဝိုင်းသည်ကား ပြည့်ဝသည့်သဘောပင်တည်း။
ပညာပြည့်ဝလျှင် နှလုံးပါလှတတ်လေသည်။
မြင်ရသော လ သည် ဝ အက္ခရာ ဖြစ်နေလေသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် လ သည် ဝိုင်းစက်ညီညာသည်။ အဝန်း အဝိုင်းဟူသည် ကြီးမားကျယ်ပြန့်သော သဘော ဖြစ်သည်။
သူ့သည် အသိုင်းအဝိုင်း အလွန်ကြီးမားသူဖြစ်သည် ဟု လောကတွင် သုံးစွဲကြလေသည်။
အသိုင်းအဝိုင်းဟူသည်ကား အဝန်း အဝိုင်းဖြစ်ပါသည်။
ဝ ၏ တခြားသောဂုဏ်တခုကား လည်ပတ်ခြင်းဖြစ်၏။ အလျှင်အမြန်ရွေ့ရှားစေတတ်သော မော်တော် ကားသည် ဝ အက္ခရာသဏ္ဍန်ရှိသည့် ဘီးတတ်ယာဉ်ဖြစ်သည်။
်
ဝ အက္ခ ရာသည် ဆန်းကျယ်လှပါသည်။ ပြည့်ဝခြင်း။ အစာဝခြင်း။လည်ပတ်ခြင်း။ ရွေ့ရှားစေခြင်း အဓိပ္ပါယ်မျှ မကသေး။ သံသရာ ၏ သဘောဖြစ်သော အဖန်ဖန် မွေးခြင်း အဖန်ဖန်သေခြင်းသဘောတရား သည်လည်း ဆင်ခြင်ကြည့်ပါက မြင်နိုင်လေသည်။
သံသရာဟူသည်ကား The circle of death and reborn ပင် ဖြစ်သည်မဟုတ်ပါလား။ မွေးဖွားခြင်းနှင့်သေခြင်းတို့ အကြား တစပ်တည်းဖြစ်နေသည် အနန္တရ ပစ္စည်းပင်။
o လုံး ဟု အမည်ခေါ်ငြား သုည နာမည်ဖြင့်လည်း လူသိများသည်။ သုံညသည် သူချည်း တန်ဖိုးမရှိပါငြား သူနှင့် တွဲသောကိန်းကို တန်ဖိုးမြှင့် ပေးနိုင်သည်။
ယခုလသည် ကထိန်ခင်းသောလ ဖြစ်သည်။ ကထိန်သင်္ကန်း တွင် နောက်ဆုံးလုပ်ရသည့် အချက်မှာ ဝ အက္ခရာ ရေးထိုးခြင်းဖြစ်သည်။ ဗိန္ဒူ ရေးထိုးသည်ဟု ဆိုကြသည်။ဗိန္ဒု ကို ကမ္ဘာ အက္ခရာဟုလည်း ဆိုကြသည်။
စကြာင်္ဝဠာ ထဲ တွင် အကောင်းဆုံးတရားသည်ရှိ၏။ ထိုထက် ကောင်းသော သာလွန်သော တရား ကို ဖော်ထုတ်နိုင်ခြင်း မရှိ သေးလျှင် ထိုတရားသည် အကောင်းဆုံးသော တရားပင်ဖြစ်သတည်း။
ထိုထက်သာလွန်သောတရား ရှိငြား သိရန်ပင် မလွယ်ကူပါချေ။ အကြောင်းမှာ ဘုရား ရှင်အဆူဆူ ဖော်ထုတ်ခဲ့သည့် သုညတ ၏သဘော အမှတ် လက္ခဏာ ဝတည်းဟူသော ဝလုံးလေးတလုံး၏ အဓိပ္ပါယ်ကို ပင် အလုံးစုံ မသိနိင်ပါချေ။
ဝ ကို မသိက ဝိ လုပ်ရန် ခက်ခဲပေစွ။
စာတလုံး ဘုရားတဆူ ဟု ဆိုမိန့် ခဲ့ကြသည် မဟုတ်ပါလား။ *ဝ*အက္ခရာ တလုံးကိုပင် အလုံးစုံ သိရန် အလွန်ခက်ခဲသည် ဆိုပါလျှင် ဘုရားရှင်တို့ဟောကြားခဲ့သည် ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ကိုသိရန် လွယ်ကူမည်မဟုတ်ပါချေ။
သုည(ကိုနိုင်း)
7:11AM
Nov15,2016

Monday, November 16, 2020
Thursday, October 29, 2020
Monday, June 1, 2020
Saturday, May 30, 2020
Sunday, July 7, 2019
Saturday, July 6, 2019
အဖိနှိပ်ခံတို့ အသံ: makemoney
အဖိနှိပ်ခံတို့ အသံ: makemoney: <a href="http://www.dollarsincome.com/-159611/4158.htm" target="_top"><img src="http://www.dollarsincome...
Tuesday, March 26, 2019
. . .
All conditioned phenomena are impermanent.
All conditioned phenomena are suffering.
All phenomena are without Self.

Tuesday, March 19, 2019
အပြောင်းအလဲ
ပြည်သူ ကိုယ်တိုင်ပြောင်းမှ ရွေ့
**************
ဘယ်သူ သမ္မတ ဖြစ်မည်ကို စောင့်ကြည့် နေမိသည် ကိုလည်း ဝန်ခံပါ၏။
မည်သူတက်သည် ဖြစ်စေ
ထူးထူးခြားခြား ပြောင်းလည်းမည် မထင်။ ပြည်သူအတွက် ထင်ရှားသော ပြောင်းလည်း မူ မရှိဟု ယုံကြည်နေဆဲ ။
ပြည်သူ့အတွက် အရွေ့ကိုမူ ပြည်သူကိုယ်တိုင်ပြောင်းရပေမည်။ နိုင်ငံတော်က ထောက်ပံ့ ကူညီလျှင် အရွေ့လျှင်မြန်လာနိုင်သည်။ ပြည်သူ့ကို ဗဟိုပြု ၍ ဥပဒေပြု အာဏာ ပေါ်ပေါက်ခဲ့သော် ဤ ခရီး မဝေးတော့။
အုပ်ချုပ်မူအာဏာ၏ အကူအညီရလျှင်ကား အတိုင်းထက်အလွန် တံခွန်နှင့် ကုက္ကား ပနံရပေစွ။ တင့်တယ်လွန်းပေစွ။
စစ်ဆေးရေး အာဏာကိုမှု လေသံပင်မဟကြ။
ရှိမှန်းလည်း သိသူနည်းလှသည်။
မည်သို့ ဆိုစေ တဖက်က တလှမ်းချင်းတက် ၍ နေရာယူသည်ကို မြင်ရသည်။ တဖက်ကလည်း ပိတ်ကာ ကစားသည်။ ညစ်လုံးလေးများစွာက တွေ့နေရဆဲ။ သဘောထားမကြီးနိုင်ကြသေး။ သည်လိုနှင့် အချိန်မည်မျှကြာမည် မသိနိုင်။
မည်သူတက်စေ
နိုင်ငံတော်တည်ဆောက်ရေး အထိ ခြေလှမ်းကို မလှမ်းနိုင်သေးချေ ။ အာဏာ တည်ဆောက်ရေးမျှသာ အကျပ်အတည်းကြားက လုပ်နေရရှာ သည်။
မလုပ်၍လည်း မဖြစ်ချေ။ ပြီးမှသာ နိုင်ငံတော်တည်ဆောက်ရေးကို အနှောက်အယှက်ကင်းကင်းလုပ်နိုင်မည်ဖြစ်သည်။
ဘယ်အကွက်ရွှေ့ မည် ဘယ်လို ကစားမည် ဆိုသည့် ပလေယာ များ၏ ရွေ့ ကွက်ကို ကြည့်ချင်ရုံ ခန့်မှန်ရုံ သက်သက်သာ စိတ်ဝင်စားပြီး ရလာဒ် ကို စောင့်ကြည့်ခြင်းသာ။
ဆန့်ကျင်ဖက်တို့ အပြန်အလှန် ဆန့်ကျင်ရင်း ပါရမီဖြည့်နေသည်က လောကသဘာဝ ဖြစ်သည်။ ထူးခြားဖြစ်စဉ်တော့ မဟုတ်ချေ။
မသိသူက ကြိုးဆွဲရုပ်နှယ်။ သိသူက လက်ဦးမှုယူ၍ ကစားကွက်ကို ဦးဆောင် နေဆဲ။ သည်လိုနှင့် ကုန်ဆုံးခဲ့သည် အချိန်က နှစ်ပေါင်များစွာ။ အချည်းနှီးသာ။
မျှော်လင့်စရာရှိသည်က တလှမ်းချင်းဝင်ရောက်နေရာယူ သူ၏ ပညာ နှင့် နိုင်ငံတစ်ကာ အသိအမှတ်ပြုမူ။ ထိုအပြင် သူ၏ ဦးဆောင်နိုင်စွမ်းနှင့် ဖြူ စင်သော ဝန်းကျင်က အားရစရာ။
သူ၏
အမှတ်မထင် သော ရွှေ့ကွက်များက ဆန့်ကျင်ဖက်ကို ယိုင်နဲ့စေသည်။ တဖက်၏ ကံဇာတာမှေးမှိန်ချိန် နှင့်လည်း တိုက်ဆိုင်နေသည်က ငြင်းမရသော ပကတိ ဖြစ်ရပ် ဖြစ်ပေ၏။
ထို့ကြောင့်
အမှတ်မထင် နိုင်ငံတော်၏ အရွေ့ မြန်လာနိုင်သည်ဟု အကောင်းဖက်က တွေးမိပါသည်။ ပိတ် ကစားသူဖက်က သဘောထားပြောင်းလာရန်ကား မမျှော်လင့်ရဲ။ အာဏာရှင်သည် အရှင်ထွက်လေ့မရှိ ဟု ယုံကြည်မိနေဆဲ။
သူလည်း ရနိုင်သလောက် ရှင်သန်ခွင့်ကို လိုချင်ပေလိမ့်မည်။ ရသလောက် အချိန်ဆွဲရမည်က သူ့အလုပ်။ ပြည်သူက အချိန်တိုင်း ခေတ်တိုင်း ငဘ။
ကိုဧည့်သည်
March 15, 2016
11:07AM

Wednesday, February 27, 2019
wai lin aung: wai lin aung: လွန်
wai lin aung: wai lin aung: လွန်: wai lin aung: လွန် : လွန် **** #အားနာ လွန်သွား တဖက်သား အခွင့်ရေးသမား ဖြစ်သွားတယ်။ #ကိုယ်လဲ ရှုံးကာ အပြစ်ဘယာ နစ်နာ၍သာ ကျန်ခဲ့တယ်။ #ခ...
Saturday, October 6, 2018
ကူညီကြပါ
ဖြေရှင်းပေးတော်မူကြပါ
****************
ညို သွေးသည် အလွန်လိမ္မာပါသည်။ အိမ်ကိုရောက်လာသည်က လဲ မထူးခြားသော်လည်း အဆန်း။
ညိုသွေးရောက်လာပုံကို ပြောပြရပါဦးမည်။
ညိုသွေးသည် လွမ်းမောင်ကဲ့သို့ တကောင်ကြွက် ဖြစ်သည်။
ညိုသွေးနှင့် လွမ်းမောင် ဆွေမျိုး တော်စပ်ခြင်းမရှိပါ။
ညို သွေး အမေတာဝါသည် အိမ်၏ အောက်ထပ်တွင် နေထိုင်ခွင့်မတောင်း လစာလည်း မပေးပါပဲ နေထိုင်နေခဲ့ပါသည်။ တစ်လခန့်ရှိ ပါမှ လွမ်းမောင်သိရ လေသည်။ လွမ်းမောင်ကို အသိမပေးပါ၍ လွမ်းမောင် မသိ ခဲ့ ပါ။ ညိုသွေးကို မွေးခါနီးမှ လွမ်းမောင် သိပါသည်။ လွမ်းမောင်သိတော့ ညို သွေးကို လွယ်ထားသော ကိုယ်ဝန် က အရင့်အမာ ဖြစ်နေပေသည် ။ ညိုသွေး ၏ အဖေကိုမူ ယခုထိ လွမ်းမောင်မသိပါ။ ပြောရရင် ညိုသွေးအမေတာဝါအား ပစ်ထားပုံ ရပါသည်။(တာဝန်ယူလိုခြင်း ရှိပုံမရ။)
ဤကား စာရေးသူ၏ မှတ်ချက်သာတည်း
ညိုသွေးတွင် မွေးချင်း ခုနှစ်ဖော်ရှိလေသည်။
တိတိကျ ကျ ဆိုရသော် မွေးချင်းခုနှစ်ဖော် ရှိသော တကောင်ကြွက်သာလျှင်တည်း။လွမ်းမောင်နှင့်ဘဝတူ။ ကျန်သောမွေးချင်းများ မှာ ညို သွေးနှင့် အတူ နေခွင့်မရပါချေ။ ညို သွေးအမေက ဆင်းရဲသဖြင့် ဟိုရောက် သည်ရောက်ဖြစ်ကုန်သည် ။ညို သွေး၏ အမေ
တာဝါကြီးသည် အလုပ်မရှိပါ၍ ရွာရိုးကိုးပေါက် လျှောက်သွား၍ နေတတ်ပါသည်။
တစ်နေ့ လဝကရုံးရှေ့တွင်ကားတိုက်ပါ၍သေဆုံးခဲ့ရလေသည် ။ညိုသွေးနှင့်သူ၏မွေးချင်းခုနှစ်ဖော်အားလောကကြီးထဲတွင် မျက်စိသူငယ် နားသူငယ်ဖြင့် ထားခဲ့လေသည်။
တာဝါ၏အလောင်းကို လွမ်းမောင်ကိုယ်တိုင် သွားသယ်၍ အ. ထ
.က ( ၁)ကျောင်းရှေ့ မြေကွက်လပ်ရှေ့ တွင်မြုပ်နှံထားခဲ့၏။
ထိုအဖြစ်အပျက်အား ညိုသွေးနှင့်သူ၏မွေးချင်းခုနှစ်ဖော်မသိခဲ့
ပေ!
နို့ဆာချိန် ချိန်ရောက်သောအခါ ညိုသွေးတို့ တစ်စု လှုပ်လှုပ်ရွရွ ဖြစ်ကြတော့သည်။ ဟိုကြည့်သည်ကြည့်။အမေက မရှိ၍ သနားစရာ။ လွမ်းမောင် ငိုချင်လာသည်။
ညိုသွေးတို့ မောင်နှမတစ်စုမှာလဲ ငိုချင်လာဟန်ရှိပါသည်။
လွမ်းမောင်ကြံဆရပါတော့သည်။ ညိုသွေးတို့ အားလုံးထံ လွမ်းမောင် နို့ ဆန်ပြုတ်ပန်ကန်ကြီးနှင့်ရောက်လာလေ
မှ ပျော်ရွှင်ကာ လွမ်းမောင်ထံပြေးလာကြတော့သည်။
ဆန်ပြုတ်ပန်ကန်အား မွေးချင်း၇နှစ်ဖော် ဝိုင်းတွယ်ကြသည်။ မိခင်ဖြစ်သူကို ခေတ္တခန့် မေ့လျော့သွား ဟန်ရှိပါသည်။
ညိုသွေး၏နောင်တော်ဖြစ်သူ
ညိုတုတ်မှာ ခန္ဓာကိုယ် အလွန်ကြီးသည်။တောင့်သည်။
ဗလ အားကိုးဖြင့်နေရာအကျယ်ကြီးယူကာ အစာစား လေသည်။ ( တော်တော်အပါးဝတဲ့အကောင်ဖြစ်ပါသည်) ညိုသွေးလည်းခပ်ကျပ်ကျပ်နေရာ ချောင်ကျကျ လေးနားတိုး၍စားရလေတော့သည်။
ညိုသွေးသည် ငယ်ငယ်တုန်းက အေးဆေးနေတတ်သူဖြစ်သည်။ စကားလည်းသိပ်မဟြေပါ။ သူ၏နောင်တော်ညိုတုတ်မှာ နေရာအကျယ်ကြီးယူတတ်သော် ငြား ရန်မပြု တတ်ပါ။စွာလည်းစွာ၏။ အလွန်ပင်အေးဆေးနေတတ် သည်မှာ ညိုသွေးဖြစ်သည်။
မိခင်ကြီးမရှိတော့
ညိုသွေး၏မွေးချင်း အချို့ လည်း အဟာရပြတ်၍ သေဆုံးကုန်ပြီ။ နို့မျက်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ တချို့လည်းတောင်းသူရှိ၍ ပေးလိုက်ရသည်။တောင်းသူများက ဝပေ့ လှပေ့မှ ယူကြပါသည်။ ညိုသွေးကား မဝ မလှ မချော မစိုပြေ။ အားလုံးဝမှ အစာကို ကောင်းကောင်းစားရသည်။ဤ သို့လျင် ညိုသွေး သည် သွားနောက် စားနောက် ဖြစ်သတည်း။
ညိုသွေးသည် နောက်ဆုံးကျန်ခဲ့သည့်မျိုးဆက်။
လွမ်းမောင်တို့အိမ်သည် ဒီမိုကရေစီ အပြည့်ရှိသည်။ ကိုယ်လုပ်ချင်ရာ လုပ် ကြပါသည်။ အားလုံးသည် အေးအေးဆေးဆေး။ လွမ်းမောင်က မည်သူကိုမျှတိုင်ပင်ခြင်းမရှိပါဘဲ ညို သွေးကို အိမ်ပေါ်သို့ခေါ်တင်လိုက်သည်။ သည်အထိ အိုကေ။ကန့်ကွက်မည့်သူမရှိပါ။
မအိုကေသည်က ညိုသွေး။
ရောက်ခါစ ညိုသွေးသည် စကားမတတ်သေးပါ။ စကားမတတ်ခင် ထိ ညိုသွေးနှင့်ဆက်ဆံရေးက အလွန်အဆင်ပြေပါသည်။
ကြာလာတော့
လွမ်းမောင်ကို ညိုသွေးက မေးခွန်းများ မေးတော့၏။မေခွန်းတွေကို လွမ်းမောင်ဖြေရင်း ချွေး ပြန်လာသည်။
(ညို သွေး၏ မေးခွန်းများကိုလည်း ရှုကြည့်ကြပါဦး အဆွေတို့။)
"မတူလို ကွဲပြားနေတာလား
မတူလို့ ခွဲ ခြားထားတာလား
တူရဲ့သားနဲ့ ခွဲခြားထားတာလား။
သခင်တို့က တန်းတူညီတူကို မရှိဘူး။"
ညိုသွေးကို ဘယ်သူက ဘယ်နေရာက ဘာတွေကို အတို့အထောင် လုပ်လိုက်သည်မသိ ညိုသွေးစကားတတ်လာသည်။ ခြေရင်းအိမ်တွင် ညို သွေး နှင့် ကစားဖော် ကစားဖက်
က+ အု
လ+ အား
န+ အက် နေထိုင်လေသည်။
မှတ်ချက်။
(ကုလားနက် ဟု ဆိုလျှင် အကောင့်ပိတ်ခံရမှာစိုးပါသည်အမုန်းစကားHate Speech မဟုတ်ပါ)
ညိုသွေး၏ အဖော်သည်
တကိုယ်လုံးမဲနက် ညိုမှောင်နေ၍ သည်အမည်ရ ထားသည်လား မဆိုနိုင်။ ညို သွေး၏ အခင်ဆုံး စီနီယာ အစ်ကိုဖြစ်သည်။ ညို သွေးအပေါ်တော်တော် ချစ်ရှာ၍ အနွံအတာ လည်း ခံပေသည်။ စီနေယာ အစ်ကိုကပဲ ညိုသွေးကို အတို့အထောင် လုပ်လိုက်လေသည်လားမသိပါ။
ညအခါများတွင် ညို သွေးကို အိမ်အပြင်တွင် နေရ သည် ကို ညို သွေး စဉ်စားမိ၍ မကျေနပ် ဟန်ရှိသည်။
သူနှင့် လက်ဆုံ ထမင်း အတူ မစားသည်ကို လည်း ခနဲ့တဲ့တဲ့ ရွဲ့ ချင်ပုံ ရသည်။
ဘုရားကျောင်းဆောင်ရှေ့တွင် ခင်းထားသော ဖျာပေါ်တွင် လည်း ထိုင်ခွင့် မရသည်ကိုလည်း စိတ်ဆိုးနေ ဟန်ရှိလေသည်။
"မတူလို့မတူတာ ပါ ညိုသွေးရယ်။
မတူတာကို တူတယ်လို့ အတင်း လုပ်လာကြပြီး
တူတယ်လုပ်မိရင် တဆင့်တက်ပြီး တောင်းပြန်တော့ ငါ ဘယ်လို လုပ်ရပါ့လဲညိုသွေးရဲ့။
"အမယ်သခင်က စကားကြီး စကားကျယ်တွေ ပြောနေပါလား။
အဲ ဒါ က မရောက်သေးတဲ့ အနာဂါတ်ကို သခင်က တွေးပူနေတာ။ သခင်က ဝိပဿ နာ အားထုတ်တယ်ဆိုပြီး
ပစ္စုန်ပ္ပန် တည့်တည့် မရှု ပါလား။"
"ဘုရား ဘုရား ဘုရား"
စိတ်များပင်ညစ်မိပါတော့သည်။
"ကဲပါ ညို သွေး မင်းနေချင်သလိုနေတော့။
ညို သွေးကို ခွင့်ပြုလိုက်သည်။အစပထမတော့ ညိုသွေး တော်တော် ပျော်ဟန်ရှိသည်။ ညို သွေး၏ အပျော် မှာ
တစ်လလောက် ပဲ ခံပါသည်။ တစ်လသာ ပျော်ပုံရပါသည်။
နောက်တော့ တမှိုင်မှိုင် တဝေဝေ။"
"သခင်က ထမင်းစားပွဲမှာစားပြီး ညိုသွေး ကျတော့ ဟော့ဟို နားက တိုင်မှာ ကျွေး တာ မမျှတ ဟု ထင်ပါတယ်သခင်။"
"သခင်လဲရုပ်နာမ် ညိုသွေးလဲ ရုပ်နာမ်
အတူတူပဲလေ သခင်။
ညို သွေး လုပ်ခွင့်မရှိတာ
သခင်လဲမလုပ်နဲ့ပေါ့"
သည်လို ဆိုလာတော့
အလွန်ဂွကျလှ၏။
ညို သွေးသည် ကြေးတန်းတိုက်တတ်လာချေပြီ။
ညို သွေး သည် စကားကို တတ်သလောက်လဲ ပြောသည်။ ကပ်သီး ကပ်သပ်တွေ တောင်းဆိုသည်။ တောင်းဆို တတ်လွန်းပါသည်။ ရှစ်လေလုံး အရေး တော်ပုံကြီးတွင် တောင်းဆိုအရေးဆိုရင် သေနတ်မှန် သေဆုံးခဲ့သည်လားမသိပါ။
ညိုသွေးကို ဘယ်လိုရှင်းပြရမည် မသိပါ။
" မတူ လို့ကွဲပြားနေတာ ပါ ညို သွေးရဲ့။ ကွဲပြားနေတာကို ခွဲခြားခံနေရတယ် လုပ်ကြတာပါ။ ဘာဖြစ်လို့ကွဲပြားနေတာလဲ မေးရင် မတူလို့ကို ကွဲ နေတာ ဖြေရမှာပါ။
"လူချင်းတူပေမဲ့ သီလချင်း မတူရင် မတူပါ ညိုသွေး"
သီလတူ တယ်ထား အနေအထိုင် မတူရင် အဆင်မပြေ ဘူး ညိုသွေးရဲ့။သဟဇာတ အညမည ပျက်ပါရော။ တဦးကခေါင်းရင်း လုပ်တာကို နောက်တဦးက ခြေရင်းလုပ်ပြန်တော့"
ရှင်းပြလေလေ ညိုသွေး အတွက် ခက်လေလေ။
"အစားအသောက်က မတူတော့ ပိုဆိုးပြန်တယ်။
နောက်ဆို ညိုသွေးက ဇွန်းနဲစားတာတို့ လက်နဲ့စားတာတို့ ကို ကန့်ကွက်ပြီး ညို သွေးစားသလို တန်းတူ ရည်တူ ပုံစံတူ စားသောက်ဖို့ တောင်းဆိုလာရင် ပိုခက်တော့ မယ် ညို သွေးရယ်။"
"အခုတောင် ညို သွေးက မျိုး ရိုးနာမည် မခေါ် ရေး တောင်း ဆိုနေတော့"
ညိုသွေး၏ ဘဝအမှန်ကို ညိုသွေးကိုယ်တိုင်သိအောင် လုပ်ဖို့လိုပါသည်။ လုပ်ရန်လဲ လွမ်းမောင်မှာ တာဝန်ရှိသော်လည်း ပျက်ကွက် ခဲ့ပါသည်။ ညိုသွေးကို ချစ်၍ အလိုလိုက်မိသမျှ လွမ်းမောင်မှာ ဒုက္ခ ဖြစ်ရတော့သည်။
လွမ်းမောင် ဘာကိုမှမရှင်းပြတတ်တော့။
ညိုသွေး မရှိစဉ်က သည်အိမ်တွင် ပြဿ နာမဖြစ်ခဲ့ပါ။ ညိုသွေးကို လက်မခံခဲ့သော် ဘာပြဿ နာ မှမတက်နိုင်။ အိမ်အပြင်တွင် ဆက်ဆံသင့်ပါလျက် အိမ်ပေါ် ခေါ်တင်ခဲ့သည်ကလည်း လွမ်းမောင်ပင်ဖြစ်သည်။ ယခုမူ ထိုသို့မဟုတ်ပါ ပြီ။ စကားတတ်လွန်းသည့် ညို သွေးကို မရှင်းပြနိုင်။
လွမ်းမောင်ဘာလုပ်ရမည်နည်း။ ညိုသွေးတောင်းဆိုသမျှ အလိုလိုက်ရင် တခြားသောအိမ်သူ အိမ်သားများကလည် ငြူ စူစပြု နေလေပြီ။
လွမ်းမောင်၏ အားနည်းချက်ကို လွမ်မောင် ကိုယ်တိုင် သိလိုက်ရချိန်တွင် လွမ်းမောင် အတွက် နောက်ကျခဲ့ပါလေပြီတကား။
ညို သွေးကဲ့သို့ အလွန်လိမ္မာ စကားတတ်သည့် ခွေး ကလေးကိုလည်း လွမ်းမောင် မစွန့်လွှတ်နိုင်။ အိမ်သူ အိမ်သားများ၏ မကြည်ဖြူ ငြူ စူ မူကိုလည်း လွမ်းမောင် လက်ပိုက်မကြည့်နိုင်။လွမ်းမောင်ကို
ကူညီဖြေရှင်းပေးတော်မူ ကြပါ။
ကိုဧည့်သည်
29th May, 2017
3:06 PM

Sunday, September 30, 2018
တည်ဆောက်ရေး
*************
လူတဦး ချင်းစွမ်းရည်မှသည် ပေါင်းစပ်စွမ်းရည်သို့ သဟဇာတ ညီစွာ ပြောင်းလဲ၍ စွမ်းဆောင်ရည်မြင့်သော လူ့အဝန်းအဝိုင်းကိုဖော်ဆောင်ပြီး နယ်ပယ်ကျယ်ဝန်း အောင်ပျိုးထောင်ကာ လူမှူကဏ္ဍ အသီးသီး ကို တိုးတက်အောင်ဖော်ဆောင်နေခြင်းသည် နိုင်ငံရေးပင်ဖြစ်သည်။
တနည်း နိုင်ငံတော်တည်ဆောက်ရေး လည်းဖြစ်သည်။
ကိုအောင်ဟိန်း
State Building
**************
After building individual capacity and then, try to unite combined capacity with harmonious effort into high-performance in human society.
Fathermore,
to build a wide-establishing human society, the initiatives to improve political sectors.
In
other words, it is state-building.
Aung Hein

ကျေးကျေး
ကျေးဇူး
*****
အလကား
တင်နေတဲ့ကျေးဇူး
နှုတ်ဖျားက လာစမြဲ။
တခွန်းကို
ငွေတစ်ရာ အသပြာဆိုရင်
ပို အထာကျမှာ ပဲ။
ကျေးဇူးမဆိုဘဲ ငါတလွဲ နေချင်မိ
တခွန်းကို တစ်ရာကျပ် ဒဏ်တပ်ချင်၏။ ။
ကိုနိုင်း
5:20AM
3/9/2018
*****
အလကား
တင်နေတဲ့ကျေးဇူး
နှုတ်ဖျားက လာစမြဲ။
တခွန်းကို
ငွေတစ်ရာ အသပြာဆိုရင်
ပို အထာကျမှာ ပဲ။
ကျေးဇူးမဆိုဘဲ ငါတလွဲ နေချင်မိ
တခွန်းကို တစ်ရာကျပ် ဒဏ်တပ်ချင်၏။ ။
ကိုနိုင်း
5:20AM
3/9/2018
Thursday, August 2, 2018
wai lin aung: မိတ်ရန်
wai lin aung: မိတ်ရန်: ရန် မိတ် ****** မိတ်ထဲ က ရန် ရှိနေပြန် အမှန် ဘယ် လို ခွဲ ရမယ်။ ရန်ထဲက မိတ် ထိုအရိပ် သည် နိမိတ်ကို သိသင့်တယ်။ အမှန်သိ စိတ် ခက်ခဲ...
Subscribe to:
Posts (Atom)