လွတ်မြောက်နယ်မြေ
********-******
လူဟူသည်
လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီးနိုင်ခွင့် ရအောင် သိသိသာသာတဖုံ မသိမသာ တနည်း ကြိုးစားလျှက်နေကြလေကုန်၏။ လူတဦးကလူတဦးအပေါ် အသင်းအဖွဲ့တခုက နောက်အသင်းအဖွဲ့အပေါ်နိုင်ငံတနိုင်ငံက နောက်နိုင်ငံတနိုင်ငံအပေါ် ယဉ်ကျေှးမှု အရသော်လည်းကောင်း ဘာသာရေးအရသော်လည်းကောင်း စီးပွားရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း လွှမ်းမိုးနိုင်ခွင့် ချုပ်ကိုင်နိုင်ခွင့် အုပ်စီးနိုင်ခွင့်ကို ကြိုးစားလျှက်နေကြလေကုန်၏၊
ဆန့်ကျင့်ဘက်အကျိုးပေး
*******************
အမှန်ဆိုသော် ထိုသို့ ကြိုးစားနေပါသော်လည်း လက်တွေ့နယ်ပယ်တွင် အမှန်တကယ်လွှမ်းမိုးချုပ်
ကိုင် ပိုင်ဆိုင်ခွင့်ကား မရပါချေ၊ ကာလတစ်ခု တွင်လွှမ်းမိုးချုပ်ကိုင် ပိုင်ဆိုင်ခွင့် ကို ရကောင်းရမည်ဖြစ်ပါသော်ငြား သူတပါးကို လွှမ်းမိုးချုပ်ကိုင်လေလေ တပါးသူ၏ လွှမ်းမိုးခြင်းလက်အောက်သို့ ရောက်ရှိလေလေပင်ဖြစ်လေသည်။
အဘယ့်ကြောင့်ပါနည်း။
အကြောင်းအကျိုး
***********
လွှမ်းမိုးချုပ်ကိုင်မှုကို မက်မောကြသောလူသားတို့သည် ဥစ္စာ ဓန အင်အား၊ အာဏာအင်အား၊ သြဇာအင်အားမရရအောင်မနေမနား ကြိုးစားကြရလေသည်။ အဆိုပါ အင်အားများသည်ကား လူသားတို့အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သော အဓိက အင်အားများဖြစ်ပါပေ၏။
အဆိုပါအင်အားများကို ရအောင်ကြိုးစားရင်း လူသည် တဖြည်းဖြည်း လွတ်လပ်ခြင်းမှ ဆိတ်သုဉ်းလာပြီး အဆိုပါ အင်အားတို့၏ တန်ပြန်ချုပ်နှောင် အချည်အတုတ်ခံရလေတော့သည်ကို ဆင်ခြင်သိဖြင့်သိနိုင်သဖြင့် အကျယ်မဆိုတော့ပြီ။
လွတ်လပ်နယ်မြေ
*****-***---**
လွှမ်းမိုးမူ အပေါင်းမှ လွတ်မြောက်နေသောနေရာသည် အမှန်တကယ်ရှိ၏၊ ဥစ္စာဓန ဖြင့်သော်လည်းကောင်း၊ အာဏာဖြင့်သော်လည်းကောင်း သြဇာဖြင့်သော်လည်းကောင်း လွှမ်းမိုးခြင်းသည် လောကတွင်ရှိ၏၊ဆန့်ကျင်ဘက်အားဖြင့် အဖြူရှိလျှင် အမဲရှိပါသည်၊ အလင်းရှိသော် အမှောင် သည်ရှိစမြဲ၊ အပူ ရှိခြင်းကြောင့် အအေးသည် ရှိ၏၊
လွှမ်းမိုးခံရသော အကြောင်းများရင်းများ ကို ပယ်ရှားနိုင်သောသူ သည် လွှမ်းမိုးခြင်းအပေါင်းမှ လွတ်ကင်းနေသည်မဟုတ်ပါလား၊ လွှမ်းမိုးခြင်းအပေါင်းမှလွတ်ကင်းသူသည် လွမ်းမိုးခြင်းကင်းသော လွတ်လပ်နယ်မြေတွင် ရှိနေသည်မဟုတ်ပါလား။
သို့ကြောင့်ပင် လွှမ်းမိုးမူအပေါင်းမှ လွတ်မြောက်နယ်မြေသည် အမှန်တကယ်ရှိသော နယ်မြေဖြစ်သည်။ လွတ်မြောက်နယ်မြေရှိလျှင် လွတ်မြောက်နေသော သူသည်အမှန်တကယ်ရှိလေသည်။ ထိုနေရာကား+++++++++++++++++
+
ကိုနိုင်း
May 17 .2016
11:07 AM
Popular Posts
-
wai lin aung: wai lin aung: လွန် : wai lin aung: လွန် : လွန် **** #အားနာ လွန်သွား တဖက်သား အခွင့်ရေးသမား ဖြစ်သွားတယ်။ #ကိုယ်လဲ ရှုံးကာ ...
-
ပြည်သူ ကိုယ်တိုင်ပြောင်းမှ ရွေ့ ************** ဘယ်သူ သမ္မတ ဖြစ်မည်ကို စောင့်ကြည့် နေမိသည် ကိုလည်း ဝန်ခံပါ၏။ မည်သူတက်သည် ဖြစ်စေ ထူးထူြး...
-
တန်းမတူ ***** ညို သွေးသည် အလွန်လိမ္မာပါသည်။ အိမ်ကိုရောက်လာသည်က လဲ အဆန်း။ ညိုသွေးရောက်လာပုံကို ပြောပြပါဦးမည်။ ညိုသွေးသည် တကောင်ကြွက် ဖြစ်...
-
ခွင့်လွှတ် ****** သတိယွင်း ငြား ရေးမိမှား က အကျွန့် တောင်းပန် ဦးထိပ်ပန် အဟံ ဝန္တာမိ ပါ ဆရာ။ ကိုနိုင်း 9/7/2017 8:10 pm
-
သည်ချိန်မှာ ****** လေပြေ ဆော်သွေး အေးရင် ကတုံ သဉ္စာ ဘုံဝယ် ထွေးခြုံ ရအောင်။ ကိုနိုင်း 10:08AM Jan 17,2017 The fresh soft breeze is s...
-
ဝမ်းတလုံးကောင်း ************ ဝမ်းချုပ်လျှင် ဘယ်လို လုပ်သင့်ပါသနည်း။ ဝမ်းချုပ်သည် အကြောင်းကို တနေရာတွင်မေးမြန်းထားသည်ကို တွေ့လိုက်ရသည်။ ...
-
o အက္ခရာ အဖွင့် ဋီကာ ***************** ဝ သည် ဝိုင်းသည်။ ကရွတ် ပေါ် တွင် ကင်းလျောက် ပါက ဝ သဏ္ဍာန် ဖြစ်သည်။ တဖန်ပြန်တွေ့ ပြန်ကြုံတွေ့ ခြင်း၏ သေ...
-
လွတ်မြောက်နယ်မြေ ********-****** လူဟူသည် လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီးနိုင်ခွင့်...
-
wai lin aung: လူ နတ် ဘီလူး : လူ နတ် ဘီလူး ************** ငယ်စဉ်အခါက မိခင် ဖခင် င်္မွေးဖွားရာ တောရွာလေးများသို့ မကြာမကြာ ရောက်တတ်သည်။ယခုလိုရ...
-
မိအေးဗျူ ဟာ ********* "သေနင်္ဂဗျူ ဟာ စစ်၏ အင်္ဂါ စစ်ချီ စစ်တက် စစ်ထိုးစစ်ခံ - - - - ကိုယ်ခံ လက်ဖွဲ့ တကဲ့ ယောင်္ကျား။" သီ...
No comments:
Post a Comment